Arc 5.4

2.5K 236 12
                                    

<Unicode>

"ဝန်ကြီးချုပ်ရဲ့ အဆိုက ကောင်းပါတယ် ဒါပေမဲ့ ကိုယ် သေချာစဥ်းစားကြည့်အုံးမယ်"

"ကောင်းပါပြီ အရှင့်သား ဒါဆို...."

ဝန်ကြီးချုပ်က သူ၏ စကားမဆုံးခင် အိမ်ရှေ့စံမင်းသားထံမှ လက်ကာပြသည်ကိုတွေ့လိုက်ရသည်။

မော့ကျန်းက သူ၏နန်းဆောင်နားမှာ ယောင်လည်လည် လုပ်နေသည့် အရိပ်တစ်ခုကို မြင်တွေ့နေရသည်။

ဝန်ကြီးချုပ်နှင့်အတူ လျှောက်လှမ်းမှ ပြန်လာစဥ် ဥယျာဉ်ထဲမှ မကြာခဏ လူရိပ်ထွက်ထွက်လာသည်ကိုလည်း မြင်နေရသည်။

သေချာပေါက် သူ၏ချစ်ရသူသာဆို ယခုကဲ့သို့ သူအလာကို စစ်ဆေးခိုင်းလောက််မည်မဟုတ်ပေ။

တည်တံ့နေသည့် မော့ကျန်း၏မျက်နှာကြောင့် အိမ်ရှေ့စံ မင်းသား၏ ကိုယ်ရေးအရာရှိပင်မက နံဘေး၌ ရပ်နေသော ဝန်ကြီးချုပ်နှင့် အဖွဲ့ကပင် သတိထားနေရသည်။

မော့ကျန်းက နံဘေးက လူများကို ထွက်သွားရန်လည်းမပြောသလို လိုက်လာရန်လည်းမပြောခဲ့ပေ။

အဲအစား သူက ခြေလှမ်းမှန်မှန်ဖြင့် ဥယျာဉ်တော်ထဲကို လျောက်လာခဲ့သည်။

အိမ်ရှေ့စံ မင်းသားထံမှ ထွက်သွားရန် ခွင့်ပြုချက််မရသဖြင့် ဝန်ကြီးချုပ်က တိတ်တဆိတ်ပင် အနောက်ကပ်လျက် လိုက်လာလေတော့သည်။

တကယ့်ကို မော့ကျန်း၏ အမြင်က မှန်ကန်နေခဲ့သည်။

သူ ဥယျာဉ်တော်နားရောက်သည်ဆိုရင်ပဲ စကားသံအချို့ကို စတင်ကြားနေရလေသည်။

"ဒါက တော်ဝင်ဥယျာဥ်တော်မှာ အလှဆုံးပန်းတွေလေ ဒါပေမဲ့ အခု့တော့ ပန်းတွေထက် ပီတာလေးက ပိုပြီးလှပလိုက်တာ"

"မဟုတ်တာ ကျွန်တော်က အိမ်ရှေ့စံကြင်ယာတော်ကိုတောင် မမှီပါဘူး"

"အမှန်တော့ ပြောရရင် ကြင်ယာတော်က ကြည့်ကောင်းတယ်ဆိုပေမဲ့ ပီတာနဲ့ အိမ်ရှေ့စံနဲ့သာဆို တွေးကြည့်ရင် ပိုလိုက််ဖက််မှာ"

ရှက်ယောင်ယောက်နဲ့ မျက်နှာလွှဲသွားတဲ့ ပီတာက အကျေနပ်ကြီးကျေနပ်နေခဲ့လေသည်။

My man is the Final BossTempat cerita menjadi hidup. Temukan sekarang