Arc 3.6

3.8K 400 10
                                    

<Unicode>
ဟယ်ရီ၏ ဖွင့်ဟဝန်ခံမှု့က လီယံကို အင်န်တီဂိုးရက် အိမ်တော်မှာ ဆက်လက်နေထိုင်နိုင်ရန် အကြောင်းတရားကို ဖြစ်ပေါ်စေခဲ့တယ်။

ဘယ်သူမှ ရေရေရာရာမပြောကြသေးပေမဲပလည်း ထိုလူနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ချစ်နေကြတယ်ဆိုတာကို ဘေးလူတွေကတော့ အသေအချာကို သိရှိနိုင်တယ်။

ဟယ်ရီက နိုင်ငံကိုယ်စားပြု ကစားသမားတစ်ယောက်ဖြစ်ပေမဲ့လည်း သူ့အဖေ ကွယ်လွန်သွားသည့်အချိန်မှာတော့ အားကစားထက် သူ့အဖေရဲ့ ကျန်ရစ်နေခဲ့သော စီးပွားရေးကိုသာ စီမံနေရတယ်။

သို့သော် သူက ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ လီယံကို ကျောင်းပို့ကျောင်းကြို လုပ်ပေးဖို့တော့ သူဘယ်တော့မှ မမေ့ပါဘူး။

ခါတိုင်း ကားထဲမှာသာ စောင့်ဆိုင်းနေတတ်သည့် ဟယ်ရီက ဒီကနေ့မှာ စိတ်စောကာ ကားကိုမှီရင်း ခပ်လှမ်းလှမ်က လာနေသော လီယံကို ထွက်စောင့်နေလေသည်။

ထိုချိန် နီယိုဟာ ဒေးဗစ်နှင့် ဖုန်းပြောရင်း အဆောင်မှထွက်လာနေတာဖြစ်သည်။

သူတို့နှစ်ဦး၏ ဆက်ဆံရေးဟာ ကျောင်းအုပ်ကြီးနှင့် အခြားဆရာ ဆရာမများ ရိပ်မိနေကြသော်လည်း မည်သူမျှ အပြောရဲ့ကြချေ။

ယင်းကဲ့သို့ အကြောင်းအရင်းအမှန်ကို နီယိုမသိပေမဲ့လည်း သေချာတာကတော့ ထိုအကြောင်းအရင်းမှာ ဒေးဗစ်က တစ်စိတ်တစ်ဒေသ ပါဝင်နေပါလိမ့်မည်။

"ကျွန်တော် ဖရုံသီးစွပ်ပြုတ်မစားချင်ဘူး"

နီယိုထံမှ စူအောင့်အောင့် စကားသံကြောင့် ဖုန်းထဲလူကပြုံးရင်း....

"ဒါဆို ဘာစားချင်လည်း ကိုယ်ဘာချက်ပေးရမလည်း"

"အင်း ကျွန်တော် စားချင်တာက ပုစွန် အ!"

ဖုန်းထဲက ကောင်လေး အသံက တိတ်ဆိတ်သွားတယ် ။

မော့ကျန်းက ရုတ်တရတ်ဆိုတော့ ထိုင်နေရာမှ ထကာ ကျောင်းထံသို့ လိုက််လာမည့်အချိန်မှာပဲ ဖုန်းထဲမှ တစ်ဖက်လူ၏ တောင်းပန်သံနှင့်အတူ နီယို၏ ရပါတယ်ဟုသော အသံကို ကြားလိုက်ရသည်။

My man is the Final BossWhere stories live. Discover now