Arc 5.7

1.6K 148 10
                                    

<Unicode>

"အရှင့်သားကို ရှာတွေ့ပြီလား"

systemက အချက်အလက်တွေ ဖြန့်ကျက်ရှာပေမဲ့ ဘာမှမတွေ့တာကြောင့် အံသြသွားရသည်။

"မဖြစ်နိုင်ဘူး"

"ဘာကိုမဖြစ်နိုင်တာလည်း"

ပီတာက သူ၏ systemထံမှစကားကြောင့် ချက်ချင်းတုန့်ပြန်လာလေသည်။

"ဘာကို မဖြစ်နိုင်ရတာလည်းလို့ တွေ့တာလား မတွေ့ဘူးလား "

"အဲတာက မရှိဘူး"

"ဘာပြောတယ်"

"ဒီကမ္ဘာမှာ မရှိခဲ့သလို ဘယ်နေရာမှာမှ မရှိဘူး"

"မဖြစ်နိုင်တာ သူက ဒီကမ္ဘာထဲက ဇာတ်ကောင်လေ မရှိဘူးဆိုတာ မဖြစ်နိုင်ဘူး "

systemက သူဘယ်လိုပြောပြောမယုံသည့် hostကို ရှင်းပြရန် ခက်ခဲနေသည်။

သူတကယ့်ကို ရှာမတွေ့တာဖြစ်သည်။

ဒီလိုမျိုး တစ်ခါမှမရှိခဲ့တဲ့ လူတစ်ယောက်လို မရှိဘူးဆိုတာ ဖြစ်နိုင်စရာမှမရှိတာ အကယ်၍ အဲလူက အစကတည်းက ဒီကမ္ဘာကလူမဟုတ်တာ သို့မဟုတ် သူတို့လို systemကလူဖြစ်မှသာ ရှာမတွေ့နိုင်မှာလေ....မဟုတ်မှလွဲရော်.....

systemက သူအတွေးထဲကအရာကို သတိထားမိသွားသည်နှင့် ထိတ်လန့်သွားရင်း တိတ်ဆိတ်သွားတော့လေသည်။

ပီတာကတော့ ထိုအခြေအနေကို သတိမထားမိဘဲ ရှေ့ဆက်ဘယ်လိုလုပ်ရမလည်းဆိုသည်ကို တွေးနေလေသည်။

ထိုချိန် တစ်ဖက်ခြမ်းတွင် လူးကပ်စ်က ညိုးငယ်နေသော မျက်နှာနှင့်အတူ အားအင်ဆုတ်ယုတ်စွာ ပူပင်နေခဲ့လေသည်။

"အိမ်ရှေ့စံကိုယုံကြည်ပါ ကြင်ယာတော် ၊ မိဖုရားကြီးပြောသလိုဘဲ အိမ်ရှေ့စံက တကယ်သန်မာတဲ့လူပါ"

အထိန်းတော်ရဲ့စကားကိုကြားပေမဲ့ ဘာကိုမှတုံ့ပြန်ဖို့ အာရုံမရှိတော့ချေ။

ယိုင်နဲ့သော ခြေလှမ်းများနှင့် လူးကပ်စ်ဟာ ဒီနေ့မှာလည်း အဓိက နန်းဆောင်က ပြန်လာခဲ့ရပြန်ပြီဖြစ်သည်။

My man is the Final BossDonde viven las historias. Descúbrelo ahora