Arc 1.7

5.9K 574 5
                                    

<Unicode>
နောက်တစ်နေ့မနက််မှာပဲ ခမ်ရွမ်းအထက်တန်းကျောင်းနှင့် ပတ်သတ်ပြီး
အံြသဖွယ် သတင်းများထွက်ပေါ်လာခဲ့တော့သည်။

အရေးကြီးဆုံးက CCTVထဲ၌ မိန်းကလေးတစ်ယောက်ကို အတင်းအကြပ် ပြူမူနေသူမှာ ကျူးလွန်သူAဟုသော ကျောင်းသား၏မျက်နှာမဟုတ်ပဲ အခြားကျောင်းသားတစ်ဦးဖြစ်နေခဲ့သည်။

ယင်းအပြင် သူမကျူးလွန်ခံသည့်အချိန်မှာပင် ‌ေကျာင်းသားA၏ တည်နေရာအတိအကျကို သက်သေများဖြင့် ဖော်ပြလာခဲ့သည်။

ဤသည်ကိုကြည့်ခြင်းဖြင့် ကျူးလွန်ခံသူမိန်းကလေးဟာ ကျောင်းသားAအပေါ် တမင်စွပ်စွဲနေမှန်းသိသာလေသည်။

ထိုသို့ဖြင့် ကျူးလွန်သူအစစ်အမှန်ကို ရဲများက ဖမ်းဆီးသွားခဲ့ပြီး ကျူးလွန်ခံရသူကျောင်းသူဟာလည်း ကျောင်းမှနှုတ်ထွက်သွားခဲ့လေသည်။

အရေးကြီးဆုံးအချက်က ထိုကိစ္စကြောင့် ကျောင်းအုပ်ကြီးနှင့် အတန်းပိုင်ဆရာမဟာလည်း အဖြစ်အပျက်ကို သေချာစုံစမ်းခြင်းမရှိသည့်အတွက် တာဝန်ယူမှု့မရှိဘူးဟူသော အချက်ဖြင့် ကျောင်းမှထုတ်ပယ်ခံလိုက်ရလေသည်။

ယင်းသို့သတင်းတွေထွက်ပေါ်လာချိန်
‌ေမာ့လွီဟမ်းဟာ မော့အိမ်တော်မှာသာရှိနေခဲ့သည်။

မော့ကျန်းကိုယ်တိုင်က ကောင်လေးအား ဖုန်းကိုင်ခွင့်မပြုသလို ကျောင်းလည်းသွားခွင့်မပြု့ပေ။

လွီဟမ်းက ဖုန်းကိုင်ခွင့်မရသည့်အပြင် အလွန်ဆုံး gameတောင်ဆော့ခွင့်မရသည့်အတွက်ကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေရသည်။

မော့ကျန်းက ရုံးခန်းထဲမှာ ဌာနမှူးတွေကိုခေါ်ပြီး အလုပ်ကိစ္စပြောနေစဥ် အိမ်တော်မှဖုန်းနံပါတ်ဖြင့် ဖုန်းလာသည်ကို မြင်လိုက်ရသည်။

ဒါ့ကြောင့် ခဏစစ်ဆေးကြအုံးဟုပြောကာ သူထိုင်ခုံမှတစ်ဆင့် အောက်ကလမ်းမကြီးကိုမြင်နေရသည့် မှန်ပြင်နားသို့တိုးပြီးဖုန်းပြောရန်ကြိုးစားလိုက်သည်။

"ဘာကိစ္စလည်း အိမ်တော်ထိန်းကြီး
လွီဟမ်းဘာဖြစ်လို့လည်း"

My man is the Final BossDonde viven las historias. Descúbrelo ahora