Unicode
"မီကာလေးကို ဘယ်လိုလုပ်လိုက်ရမလဲ အရှင်အဲရမ်"
လက်ထဲက အရာတွေက်ု ဘေးချရင်း အဲရမ်က ကောင်လေးရှိသည့်နေရာကို လှမ်းကြည့်လိုက်သည်။
အပြစ်ခံယူဖို့ဆိုပြီး ခေါ်ထားပေမဲ့ မျိုးနွယ်စုကိစ္စတွေကို ဖြေရှင်းဖို့ ခေါင်းထဲထည့်ထားတာမို့ ထိုကောင်လေးက်ု အကြာကြီးစောင့်ခိုင်းထားတာတော့ အမှန်ပင်။
ထိုချိန် လှုပ်ယမ်းနေသော စိမ်းနုရောင်အမြီးလေးက လူးလွန့်ကာ ဟိုသွားလိုက်ဒီသွားလိုက် အာရုံများနေပုံရသော ရွှေဝါရောင်အရိပ်လေးသည် သူ့ကိုလူတိုင်းက ကြည့်နေတာကို သတိမထားမိပုံရသည်။
အူတူတူအတတနှင့် ခန်းစီးကိုဝင်တိုက်တော့မည့် ထိုရေသူထီးလေးကြောင့် သူပင်မပြောနှင့် အစေခံခေါင်းဆောင်နှင့်တကွ အနီးနားကအကုန်လုံးက စိုးရိမ်ပြီး မကြည့်ဘဲမနေနိုင်တဲ့အထိပဲလေ။
မော့ကျန်း တစ်ဖြစ်လဲ နတ်ဘုရားအဲရမ်၏ နှုတ်ခမ်းတို့က ထိုရေသူထီးလေးကြောင့် ကွေးညွတ်သွားတော့ အနီးကပ်အစေခံ ရေသူထီးနှင့် အခြားအစေခံအချို့က စိတ်ဝင်စားစရာတွေ့သလို အံသြသွားခဲ့သည်။
သူတို့ရဲ့ နတ်ဘုရား အရှင်က မီကာတစ်ယောက်ကြောင့် ပြုံးနေတာတဲ့လေ။
VOCÊ ESTÁ LENDO
My man is the Final Boss
DiversosMain Godရဲ့ အားထားရာဖြစ်တဲ့ မော့ကျန်းဟာ systemကမ္ဘာရဲ့ ထိပ်တန်းhostတစ်ယောက်ဖြစ်တယ်။ ရက်စက်ပြီး ဘယ်သူကိုမှဂရုမစိုက်တဲ့ မော့ကျန်းတစ်ယောက် တာဝန်တွေထမ်းဆောင်နေရင်း ဖူလင်းဆိုတဲ့ ကောင်လေးကိုချစ်မိသွားခဲ့တယ်။ ဒါပေမဲ့ သူတို့ချစ်မိသွားချိန်မှာပဲ ဇာတ်လိုက််မ...