EP3(U&Z)

3.4K 347 4
                                    

Uni

မုဝမ်ရန်ကသူကာတွန်းကားကြည့်နေပြီ
ဆိုပါက တိတ်တိတ်ဆိတ်ဆိတ်လေး
နေလိမ့်မယ် ထင်နေခဲ့တယ်, မုဝမ်ရန်
မသိတာက သူက ကာတွန်းကားကြည့်ရင်းလည်း စကားပြောနေတတ်တယ်ဆိုတာ
ကိုဘဲ။

လုကျားက ကာတွန်းကားအကြောင်းကို
အချိန်အတော်ကြာကြီး ပြောနေခဲ့ပေမယ့် ,
မုဝမ်ရန်ကတော့ သူ့အားလျစ်လျူရှုဆဲသာရှိနေတယ်၊သူတို့နှစ်ယောက်က သုံးနှစ်ဘဲ
ကွာတာလေ၊ တကယ့်တကယ်ကျ သုံးနှစ်ဆိုတဲ့ အသက်အရွယ်ကွာခြားမှုက ကာလရှည် တစ်ခု အနေနဲ့ ရှိနိုင်ပေမယ့် မုဝမ်ရန်အသက်
ဆယ့်တစ်နှစ် အရွယ်ကထိုသို့သောကာတွန်းမျိုးကိုမကြည့်ချင်ခဲ့ဘူး။ တီဗွီကိုတောင်
သူကြည့်ခဲတယ်လေ။

လုကျား အငိုရပ်သွားပြီးတီဗွီဆီမှ ဆူညံသံ
အချို့ နှင့်အတူ မုဝမ်ရန်ကိုလည်း စကားတွေ ပြောနေခဲ့တယ်၊သို့သော် ကံမကောင်းတာကတော့ အရေး စိုက်ခံရမှု အနည်းငယ်သာ
ပြန်လည်ရရှိခဲ့ပြီး မုဝမ်ရန်ကသူ့အား
လျစ်လျူရှုနေမြဲသာရှိနေခဲ့တယ်။

မုရှန်းအခန်းအပြင်သို့ ပြန်ထွက်လာတဲ့အခါ
လုကျား တစ်ယောက်ဆိုဖာပေါ်မှာ ကွေး
ကွေးလေးပင် အိပ်ပျော်နေပြီဖြစ်တယ်,
မုဝမ်ရန်က တီဗွီသံကို တိုးလိုက်ပြီး
အခန်းထဲ၌ တိတ်ဆိတ်စွာပင်ထိုင်
လျက်ရှိနေတယ်။

အိမ်တွင်ကလေးလေးတစ်ယောက်
ရောက်နေတာကို မုကျန်ချန်းတွေ့လိုက်ရတဲ့အခါ အလွန်အမင်း အံ့အားသင့်သွားပြီး
သူ့ညီကို ကြည့်လိုက်တယ်။

မုရှန်း ပြုံးပြီး ပြောလာတယ်။

"ငါ သူ့ကိုခေါ်လာတာ, ဒီနေ့က ပိတ်ရက်လေ,
ဝမ်ရန်လည်း အိမ်အပြင်မထွက်ဘူး ,
သူလည်းပျင်းနေလောက်တယ်, ငါသူ့ကို
လူတွေနဲ့ ထိတွေ့မှုလေးရှိစေချင်လို့"

မုကျန်ချန်းကတော့မျက်မှောင်ကြုတ်လိုက်ရင်း ခွင့်မပြုနိုင်ဘူး ဖြစ်နေတယ်။

"မင်းသူ့အကြောင်းကို မသိဘူးလား,
အဲ့ဒီကလေးကို ထိခိုက်အောင် လုပ်မိရင် ,
မင်းဘယ်လို လုပ်မလဲ?"

"ခုက ဘာဖြစ်နေလို့လဲ ....အချိန်အတော်ကြာထိ အဆင်ပြေနေတာဘဲမဟုတ်လို့လား?"

ဖက်ထုပ်လေးရဲ့ကိုကို (Complete)Where stories live. Discover now