EP36(U&Z)

2.1K 245 3
                                    

..[ U ]

ခဏအကြာ , လုကျားတစ်ယောက်စောင်အောက်သို့ ငုံ့လျှိုးပြီး မျက်လုံးလေးတွေသာဖော်ထားလျက် မုဝမ်ရန် ကို ကြည့်နေမိဆဲ၊

" အဲ့ဒါက ပြစ်ဒဏ်လား?"

မုဝမ်ရန် ပြန်၍လဲလျောင်းကာ လုကျားဘက်သို့ မျက်နှာမူလာတယ်,

" အင်း...ညဥ့်နက်သန်းခေါင် မဟုတ်တာတွေ တွေးပြီး အိပ်မရအောင်လုပ်လို့"

"အော..."

ခဏအကြာလုကျား ပြောမိပြန်တယ်,

" ကိုကို ...ဟိုလေ...မရသေးဘူးမလား...
ထားလိုက်ပါတော့...ရနေလောက်ပါပြီ"

"ဘာရတာလဲ?"

မုဝမ်ရန် မေးလာတယ်,

လုကျားပြန်မဖြေဘဲ စောင်အောက်ထဲမှာ
သာခေါင်းလေး မြုပ်ထားလျက်ခေါင်းလေးခါပြတယ်။

မုဝမ်ရန်က လုကျားကို စောင်ထဲကဆွဲထုတ်ချင်ပေမယ့် လုကျားက သူ့စောင်ကိုဆွဲယူထားရင်း ပြောတယ်,

" ကျွန်တော်အဲ့ဒါကို စဥ်းစားဦးမယ်"

သူနဲ့ မုဝမ်ရန်တို့ကြား နယ်နိမိတ်က အမြဲလိုလို မှုန်ဝါးဝါးဖြင့်ရှိနေခဲ့တယ်၊သူတို့နှစ်ယောက်က တစ်ယောက်လိုအပ်ချက်တွေကို
ကျန် တစ်ယောက်က အမြဲ ဖြည့်ဆည်းပေးခဲ့ပြီး ဝေးကွာနေကြချိန် မှာလည်းတစ်ယောက်ကို တစ်ယောက်လွမ်းဆွတ်နေကြတယ်၊
ခုတခေါက်ပြန်လည်ဆုံစည်းကြချိန်နမ်းခြင်းကလည်း ရိုးရိုးသားသားပဲ ဖြစ်လောက်တယ်၊
လုကျားဘက်မှဆန်း ပြားတဲ့အတွေးတချို့အားငြင်းပယ်ကာ မူမမှန်တဲ့အပြုအမူလို့လည်း မတွေးမိဘူး။

ထိုအခိုက်အတန့် သူ့မျက်လုံးတွေမှိတ်လိုက်ချိန် ရုတ်တရက် အိပ်ငိုက်လာပြီး တွေးရင်းမှ လုံးဝ အိပ်ပျော်သွားတယ်၊ မိုးလင်းတဲ့အခါ
မုဝမ်ရန်က အိပ်ရာထသွားပြီး ဖြစ်နေလျက်
အဝတ်တွေပင်လဲပြီးနေချိန်သူက အိပ်မှုန် စုံမွှားဖြင့် ကမန်းကတမ်း ထထိုင်လိုက်တယ်။

" ဘယ်ချိန်ရှိပြီလဲ?"

လုကျား သမ်းဝေလျက် မေးလိုက်တယ်။

မုဝမ်ရန် အကျီ ဝတ်နေရင်းမှ ခေါင်းလှည့်
ကြည့်ပြီး ပြောလာတယ်၊

ဖက်ထုပ်လေးရဲ့ကိုကို (Complete)Where stories live. Discover now