EP52(U&Z)

1.8K 169 5
                                    

..[ U ]

ပိုင်ရီ အလွန်အကျွံသောက်ထားတာမို့ မျက်နှာတွေလည်း နီမြန်းလာပြီး ငိုသံကြီးဖြင့် လုကျားကို မေးလာတယ်,

" ငါ့မိဘတွေက မင်းကို တန်းတူ မဆက်ဆံဘူးလို့ ထင်နေတာလား....လုကျား, မင်းကိုလေ..မင်း...!မင်းမပြောရင်ဘယ်သူ သိမှာလဲ ?ငါ့ကို မပြောရင် မင်းဘယ်သူ့ကို
ပြောမှာလဲ !"

ယုတ္တိမတန်တာတွေပြောသလို ရှိနေပေမဲ့
ပိုင်ရီက ကလေးတစ်ယောက်လို ဝမ်းနည်း
ပက်လက် ရှိုက်ငိုနေတယ်၊မျက်လုံးတွေပင်
နီရဲနေလျက် ဆို့နစ်နေတယ်၊

" မင်းက ငါ့ရဲ့ အစ်ကို ...ငါ့ရဲ့ အစ်ကို ..."

လုကျား ပိုင်ရီ့ အပေါ် အမှားတစ်ခုများ
ထပ်လုပ်ခဲ့လေသလား? သ်ို့တည်း မဟုတ်
အစကတည်းကများ မှားခဲ့လေသလား?ဟု
တွေးနေမိတယ်။

သူ့ရဲ့ စိတ်ရှည်သည်းခံမှုနဲ့ လိုက်လျောညီထွေဖြစ်မှုတွေက ပိုင်ရီ့ကို များ ဒုက္ခဖြစ်စေခဲ့
လေသလား?

သဘောထားမတိုက်ဆိုင်မှုတွေအမြဲတစေရှိခဲ့ပေမဲ့ သူတို့ နှစ်ယောက်လုံးက တစ်ယောက်နဲ့တစ်ယောက်ဂရုတစိုက်ရှိကြတယ်။

ငယ်ငယ်တုန်းကဆို ပိုင်ရီက သူ့ကို အမြဲတမ်း
အနိုင်ကျင့်ခဲ့တယ်၊သူ့ရှေ့တွင် မရေမတွက်နိုင်အောင် အရိုက်ခံပြီး သူ့အရုပ်လေးရဲ့
ရီမုကို ကျစ်ကျစ်ပါအောင်ဆုပ်ကာလုယူထားလေ့ရှိတယ်၊ အားရီ သူ့ကို ရိုက်မှာကိုလည်း
မကြောက်ခဲ့ဘူး။

ပိုင်ရီက ဘယ်သော အခါမှသူ့အစ်ကိုလုကျားကို ဂရုမစိုက်ခဲ့ဘူး၊မိသားစုကသာသူ့ကို
နွေးထွေးမှု မပေးခဲ့ရင် သူကအပယ်ခံဖြစ်နိုင််တယ်လို့ တွေးခဲ့မိဖူးတယ်၊ဒါပေမဲ့ တကယ်တော့ သူ့အတွေးတွေ မှားယွင်းနေခဲ့တယ် ။

ပိုင်ရီ ဘီယာပုလင်းကိုကောက်ကိုင်ပြီး မော့ချလိုက်တယ်၊

ရုတ်တရက် အတိတ်က အကြောင်းအရာ များစွာကို တွေးမိတယ်၊အားရီရဲ့ ဘက်လိုက်မှုနဲ့
သူ့ရဲ့ ကံဆိုးမှုတွေက ပိုင်ရီအပေါ် ကျရောက်သလို ဖြစ်နေခဲ့တယ်၊ ထိုရက်စွဲတွေမှာ ပိုင်ရီ
ကသူ့ရဲ့ စိတ်ဒဏ်ရာတွေအတွက် သူ့ကို အကူအညီတောင်းလို ခြင်း ဖြစ်ပြီး ငယ်ဘဝ
အခြားသူတွေအိမ်မှာ ညအိပ်ပြီး ရင်တောင်
သူ့ကို အကူအညီတောင်းတတ်သူလည်းဖြစ်တယ်။

ဖက်ထုပ်လေးရဲ့ကိုကို (Complete)Where stories live. Discover now