EP10(U&Z)

2.7K 284 0
                                    

..ဧကရီလောင်းလျာလုကျားကအသစ်အဆန်း တစ်စုံတစ်ရာကို ထပ်မံ၍ တွေ့ရှိခဲ့ပြန်တယ်၊
သူက မုအိမ်တွင် ညစာစားပြီးအိပ်တဲ့ညတိုင်း
မုဝမ်ရန်ကအခန်းထဲမှထွက်သွားပေမယ့်
မီးဖွင့်ပေးထားခဲ့မြဲ။

သူက ထိုအပြုအမူနဲ့ ပတ်သက်ပြီး အသေအချာကို ဂရုတစိုက်မှတ်သားကာ
အမြဲလို အချိန်အတော်ကြာစောင့်ကြည့်နေတာကြာပြီ၊သူ မေးလည်း မေးချင်တယ်၊ဒါပေမယ့် သူမေးတဲ့အခါတိုင်း မုဝမ်ရန်က
သူ့ကိုဘယ်တော့မှပြန်ဖြေမှာမဟုတ်ဘူးဆိုတာကို သူသိတယ်၊မုဝမ်ရန်ကမျက်စိမျက်နှာပျက်ကာငြင်းဆန်ပေလိမ့်မယ်။
သူ့ကိုဘာကြောင့်မုဝမ်ရန်အရမ်းဂရုစိုက်
နေရတာလဲ?

မုဝမ်ရန်ကသူ့ကို ကလေးလေးတစ်ယောက်လို အမြဲဆက်ဆံပြီးသူ့ကိုဘာမှမပြောဘူးလေ။

လုကျား အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးအတော်လေး စိတ်မသက်မသာဖြစ်နေမိတယ်။

ဒါကြောင့်မို့ သူကမုဝမ်ရန်ကိုအလိုက်တသိ
ဖြင့်မုအိမ်သို့ ပြန်တဲ့လမ်းမှာ flashlightလေး
ထွန်းပေးပြီး မုဝမ်ရန်အားသူ့ရဲ့ဂရုစိုက်မှုကိုပြသလိုက်တယ်။

မုဝမ်ရန်ရဲ့ နှလုံးသားထဲမှာ လျှို့ဝှက်ချက်များစွာရှိနေတယ်၊မုဝမ်ရန်ဘယ်တော့မှလုကျားကို ပြောပြမှာတော့မဟုတ်ဘူး၊လုကျားက သူ့ကို ဂရုတစိုက်ရှိတဲ့ လူကြီးတစ်ယောက်
လို မျိုး မဟုတ်ဘဲ ဘယ်အရာမဆို ပွင့်ပွင့်လင်းလင်း ပြောပြတိုင်ပင်တဲ့သူငယ်ချင်းတွေ လို မျှော်လင့်မိတယ်။ကိုကိုကသူ့ကို
အရမ်းဂရုစိုက်ပေမယ့်အနေတည်လွန်းတယ်လေ။

အိမ်ပြန်လမ်းတစ်လျှောက် လုကျားက အကြောင်းအရာများစွာကို စဥ်းစားနေခဲ့တယ်။

တံခါးနားရောက်လုရောက်ခင်တွင် လုကျားခေါင်းလေး ငုံ့ပြီးသူ့ခြေထောက်လေးတွေကိုကြည့်လိုက်တယ်။

"ကျွန်တော် ပိုင်ရီကို ဒီမှာဘဲစောင့်နေလိုက်မယ်၊သူလာနေပြီ "

ညအမှောင်က ကြီးစိုးနေဆဲ...လမ်းမီးတိုင်ရဲ့ အလင်းရောင်အောက် သူတို့ နှစ်ယောက်
မတ်တပ်ရပ်လျက်ရှိနေကြတယ်၊ဖုန်းဘက်ထရီက 20%သာကျန်ရှိနေတော့ပေမယ့်
လုကျားက သူ့ဖုန်းမီးလေးကို ခေါင်းမာစွာပင်
ဖွင့်ထားနေဆဲရှိနေတယ်။

ဖက်ထုပ်လေးရဲ့ကိုကို (Complete)Where stories live. Discover now