..Uni
မုဝမ်ရန်တစ်ယောက် သူ့ရဲ့ အိမ်ဟောင်း
ဆီသို့ ပြန်လာပြီးလွန်ခဲ့သောနှစ်ရက်စလုံး
မျက်မှောင်ကြုတ်လျက် ရှိနေမည်က
မလွဲဧကန်ပါဘဲ။လူကြီးတွေကလည်း
သူနဲ့စကားပြောခဲကြတယ်၊များသော
အားဖြင့် သူ့ရဲ့အဆင့်ကိုသာမေးကြပြီး
သူရဲ့စာတော်မှုအားချီးမွမ်းကြပြီးနောက်
အနီရောင်စာအိတ်ငယ်များ ပေးကြတယ်။
ဒီနေ့မှာတော့ မုရှန်း တစ်ယောက်မုဝမ်ရန်ရဲ့
စင်ယော်တောင်မျက်ခုံးလေးများနဲ့ ငြိမ်းချမ်းသာယာနေတဲ့ အသွင်ကို တွေ့ရတာမို့
သူ ဟန်မဆောင်နိုင်ဘဲ မေးလိုက်မိတယ်။"မင်းနဲ့ လုကျား တို့ ဖုန်းနံပါတ်လေး
ဘာလေးလဲမထားကြဘူးလား ?"မုဝမ်ရန် ခဏမျှတုံ့ဆိုင်းနေပြီးမှ:
"ထားလိုက်ပါတော့,
နောက်တခါမှမေးလိုက်မယ်"သူ နည်းနည်းလေး နောင်တ ရသွားတယ်။
သူအခုအချိန်လှမ်းမေးမယ်ဆိုရင်,ညသန်းခေါင်နှစ်သစ်ကူးချိန်၌ဖက်ထုပ်ဆီ
ဖုန်းခေါ်နိုင်မည်ဖြစ်သော်လည်း ,လုကျား
က အဲ့ဒီ အချိန်လောက်ဆိုအိပ်ပျော်နေလောက်ပြီ။လုကျားကတော့ အမှန်တကယ်ညဆယ့်နှစ်နာရီကိုတောင်မကျော်ဖြတ်နိုင်ခဲ့ဘူး။
လုကျားတစ်ယောက် ညဆယ်တစ်နာရီ လောက်ထဲက ခေါင်းကိုတောင်ကောင်းကောင်း မထူနိုင်အောင်အိပ်ငိုက်
နေပြီ၊သူ့ခေါင်းအုံးလေးကိုကိုင်ပြီး မျက်လုံးကိုတော့ ရအောင်ကြိုးစား၍ ပြူးထားရှာတယ်၊ဒါပေမယ့် တီဗွီကြည့်သာနေသော်လည်း တီဗွီပေါ်မှ အရိပ်တွေက
ဝေဝေဝါးဝါး ဖြစ်လာနေခဲ့သည်။မိသားစု
က သူ့ပုံစံကို ကြည့်ကာရယ်မောနေခဲ့ရင်း
သူ့ အဖိုးက သူ့ကို အိပ်ရန်ည 12 နာရီတွင်
ခေါ်သွားချိန် ပိုင်ရီကတော့အားအင်ပြည့်ဝ
နေဆဲ ရှိနေတယ်။လုကျား ည12နာရီ ကျော်လောက်အိပ်ပျော်သွားပေမယ့် ပိုင်ရီက သူ့ကို ဆူညံစွာနဲ့
နှိုးလာတယ်။" ဟာ...ထတော့ ,ငါတောင်ဖက်ထုပ်တွေ
စားပြီ ပြီ "အန်တီ အခန်းထဲသို့ ဝင်လာတဲ့အခါ, လုကျားတစ်ယောက််အိပ်ချင်မူးတူးဖြင့် ခုတင်ပေါ်တွင် ထိုင်နေတာကို တွေ့လိုက်ရတယ်။
YOU ARE READING
ဖက်ထုပ်လေးရဲ့ကိုကို (Complete)
Romanceကိုကိုမုဝမ်ရန်နှင့်ဖက်ထုပ်လေးတို့ရဲ့ romance လေးပါ Cover photo..credit pinterest