..[ U ]
ရှားရှားပါးပါးအားလပ်ရက်လေး တရက်တွင်
လုကျား တစ်ယောက် မနက် 11နာရီထိုးသည်အထိ အိပ်ပျော်နေခဲ့တယ်၊ အိပ်ရာနိုးလာတဲ့အခါမျက်မှန်တပ်လျက်သတင်းစာဖတ်နေတဲ့ မုဝမ်ရန်ကိုတွေ့လိုက်ရတဲ့အခါ ဆံပင်တွေကို
ထိုးဖွရင်း ခေါ်လိုက်တယ်။" မစ္စတာမု"
မုဝမ်ရန် ခေါင်းမော့ကြည့်လာတယ်, ငွေရောင်မျက်မှန်ကိုင်းလေးက သူ့ကို ပို၍ တည်ငြိမ်နေစေပုံရတယ်၊မျက်လုံးတွေထဲမှ
စူးရှထက်မြက်မှုကို အနည်းငယ်ဖုံးကွယ်
ထားရင်းနူးညံ့စွာရှိနေပြန်တယ်။လုကျား တစ်ယောက် အကြောင်းပြချက်
မရှိစွာပဲ ပြုံးမိရင်း," ကိုကို ကို ကြည့်ရတာအန်ကယ်ကြီးကျနေတာပဲ"
မုဝမ်ရန်က သူ့စကားကို လျစ်လျူရှုပြီး ,
" မီးဖိုချောင်ထဲမှာ ထမင်းနဲ့ဟင်းတွေရှိတယ်,
နွေးပြီး စားလိုက်"လုကျား ထမင်းစားနေချိန် မုဝမ်ရန် လျှောက်လာပြီး သူ့ ကော်လာကို ဆွဲကိုင်လာတယ်။
" မင်း ကိုယ့် အကျီတွေ ဝတ်ထားတယ်"
"ဟုတ်လား?"
လုကျား အောက်ကို ငုံ့ကြည့်တယ်,
" ကျွန်တော် သတိမထားမိလိုက်ဘူး...
စားပြီးရင်လဲလိုက်မယ်"မုဝမ်ရန်ရဲ့ လက်ချောင်းလေးတွေက အနည်းငယ်အေးစက်နေပြီးသူ့လည်ပင်း
ကို ထိမိနေတယ်။လုကျားက အသားညှပ်ပေါင်မုန့်တစ်လုံးကို
ချပြီး သူ့ကို ကြည့်တယ်၊" ကိုကို ဘာလုပ်တာလဲ?"
လုကျားက ရှပ်အကျီ အဖြူတထည်ကို ကြယ်သီးမတပ်ဘဲ ဝတ်ထားတယ်၊သူထိုင်လိုက်တဲ့အခါ ရင်ဘတ်၊ညှပ်ရိုးတွေနဲ့ ညှပ်ရိုးကနေ ဝမ်းဗိုက်အောက်ပိုင်းထိကိုက်ရာ နဲ့
အမှတ်တွေ ပြည့်နေတာကို တွေ့နေရတယ်။မုဝမ်ရန် သူ့ကို ကြည့်ပြီး ကျေနပ်ပြုံးကြီးဖြင့် ရှိနေလျက်,
" ဘာမှမဖြစ်ဘူး..အဲ့လို ဝတ်ထားတာအရမ်း မိုက်တယ်"
လုကျားနှုတ်ခမ်းလေး စူနေပြီ။
YOU ARE READING
ဖက်ထုပ်လေးရဲ့ကိုကို (Complete)
Romanceကိုကိုမုဝမ်ရန်နှင့်ဖက်ထုပ်လေးတို့ရဲ့ romance လေးပါ Cover photo..credit pinterest