..[ U ]
!!!ဒါကို မဖတ်ခင် မုရှန်းရဲ့ ဇာတ်ကြောင်းက
ပျော်ရွှင်စရာဇာတ်သိမ်းတော့ မဟုတ်ခဲ့ဘူး၊
!!!စဥ်းစားပြီးမှ ဖတ်ပါနော်!!!!!ယခုချိန်ထိ မုရှန်း အိမ်ထောင်မပြုခဲ့ဘူး၊ အစောပိုင်းနှစ်များတွင် သူက ဂေးတစ်ယောက်ဖြစ်ကြောင်း ကောလဟာလတွေ
ထွက်ပေါ်လာခဲ့တယ်၊ မစ္စတာမု ရှိနေချိန်မို့
သူ့ကိုဘယ်သူကမှ မပြောရဲခဲ့ကြဘူး။ငယ်ရွယ်နုပျိုစဥ် ပေးခဲ့သောကတိကဝက်တို့က လေနှင့်အတူ လွင့်ပါးသွားခဲ့ပြီး ရံဖန်ရံခါ
မုရှန်း တစ်ယောက် သူ့ကိုယ်သူလည်း
နားမလည် နိုင်ခဲ့ဘူး၊သူ့အပေါ်ကျရောက်လာတဲ့ ဖိအားတွေကိုလည်း အကြိမ်ပေါင်းများ
စွာမထိန်းချုပ်နိုင်ဘဲရှိနေခဲ့တယ်၊တချိန်ချိန်မှာသူ့အတွက် အပေးအယူမျှပြီအိမ်ထောင်ပြုကာတသက်လုံးအတူနေမယ့် လူတစ်ဦးကိုလည်းရွေးချယ်ဖို့ သူကြိုးစားခဲ့တယ်၊
ဒါပေမဲ့ သူလက်ထပ်ဖို့ မလုပ်နိုင်ပြန်ဘူး ။တခါက မုရှန်းကို ခုထိတိုင်အိမ်ထောင်မပြုခြင်းက သူနှစ်သက်မည့်သူမရှိသေးလို့လားဟု သူ့ကိုမုဝမ်ရန်မေးခဲ့ဖူးတယ်။မုဝမ်ရန်ဘယ်ကဘယ်လို သတင်းရသွားလဲ မသိပေမဲ့
သူ့တူလေးက သူ့အကြောင်းကိုအကုန်သိနေတယ်လို့ သူတွေးမိတယ်။ထို ကိစ္စကလည်း လွန်ခဲ့သောဆယ်နှစ်ကျော်ထဲက ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး မုကျန်ချန်းနဲ့
ချွီယွဲ့တို့ပင် မကွာရှင်းကြသေးချိန် မုရှန်း
တစ်ယောက် က အရှုပ်အထွေးများကြား
ရှိနေချိန် ဖြစ်တယ်။မစ္စတာမုအားကိုးနဲ့ မိုက်ကန်းသူဖြစ်နေပြီး
နေရာတိုင်းမှာ ပြဿနာရှာခဲ့သူလည်း ဖြစ်တယ်၊ ရန်ဖြစ်တယ်၊ဓားထိုးခံရပြီး ဆေးရုံ
ရောက်ခဲ့တယ်။ထိုနေရာမှာပဲလေလွင့်နေတဲ့
ကောင်လေးကရုပ်ရည်ချောမောသူလူငယ်လေးယွီချန်းနဲ့ တွေ့ဆုံခဲ့ရတယ်။မုရှန်း သူ့ကို အကြိမ်ပေါင်းများစွာကော်ရစ်တာ၌ တွေ့နေရတယ်၊ မုရှန်းကို အမြဲတစေ
စူးရဲစွာပဲ ကြည့်နေခဲ့သူမို့သူ့ကို သတိထားမိနေခဲ့တယ်။ဒါကြောင့်မို့ မုရှန်းကပဲ စပြီး စကားပြောလိုက်တယ်၊
YOU ARE READING
ဖက်ထုပ်လေးရဲ့ကိုကို (Complete)
Romansaကိုကိုမုဝမ်ရန်နှင့်ဖက်ထုပ်လေးတို့ရဲ့ romance လေးပါ Cover photo..credit pinterest