..[ U ]
မာမားပိုင်တစ်ယောက် လုကျားရဲ့ရည်းစားကို ဘယ်ချိန် ခေါ်လာမလဲဆိုတဲ့အမေးက
တဖြေးဖြေး နည်းလာပြီး အလျင်စလို
မမေးတော့ဘဲ တိတ်ဆိတ်သွားခဲ့တယ်။ဒီနေ့က ပြတင်းတံခါးတွေပင်ဖွင့်ထားလျက်
ပူနွေးသောလေထုကိုကြိုဆိုရင်းသာသာယာယာလေးရှိနေတယ်၊အပြင်မှာ ပူနေပေမဲ့
လသာဆောင်တွင်လေလေး တဖြူးဖြူးမို့
အတော်အသင့်အေးမြနေတယ်။နေ့လည်ပိုင်းတွင် လုကျားကကုမ္ပဏီမှ
သူ့ဆီပို့လိုက်သော သစ်သီးအချို့အား
အိမ်သို့ပြန်လာပို့လိုက်တယ်။မာမားပိုင်က ဓာတ်ပုံအယ်ဘယ်မ်ကြီး တစ်ခုကို လှန်လှောကြည့်နေရင်း တံခါးဖွင့်သံကြားတာမို့ ဓာတ်ပုံအယ်ဘမ်လ်ကို ချလိုက်တယ်။
"ရှုရှု ရော?"
မာမားပိုင်က လက်ဝှေ့ရမ်းပြရင်း,
" အပြင်ထွက်ပြီးစကားသွားပြောနေမှာပေါ့"
လုကျား ရယ်လိုက်မိတယ်,
"အပြင်ထွက်တာကောင်းတာပေါ့,
အိမ်ထဲမှာချည်း တချိန်လုံးမနေနဲ့,
အပြင်လေးဘာလေးထွက်...
လမ်းထွက်လျှောက်"မာမားပိုင်က သူ့ကို ခေါ်ပြီး ဓာတ်ပုံလေးကို
လက်ညိုးထိုးပြတယ်," ဒီပုံကို မှတ်မိလား?"
"သိတာပေါ့"
လုကျား မာမားပိုင်ဘေးမှာဝင်ထိုင်ပြီး,
" အဲ့ဒါ ကျွန်တော်မလား?"
" မင်း ငါးနှစ်သားတုန်းကလေ..ဒါက ပိုင်ရီ"
မာမားပိုင်က နောက်တစ်ပုံကို လက်ညိုးထိုးပြတယ်၊
" ဘောင်းဘီပွပွလေးနဲ့လေ"
ဓာတ်ပုံလေးကို ကောင်းစွာထိန်းသိမ်းထားကြောင်းတွေ့ရပြီး ဓာတ်ပုံလေးက ဝါကျင်ကျင် လေးဖြစ်နေပေမဲ့ မြင်နေရဆဲ။
"ဒီနေ့ရာသီဥတုက သာယာလိုက်တာ"
မာမားပိုင်က ပြတင်းအပြင်ကို ကြည့်ရင်း
ရုတ်တရက်ပြောလာတယ်။လုကျားက ဘာကြောင့်မှန်းမသိတာမို့
အင်း ချလိုက်ရင်းအပြင်ထွက်ချင်လား
ဟုမေးလိုက်တယ်။
YOU ARE READING
ဖက်ထုပ်လေးရဲ့ကိုကို (Complete)
Romanceကိုကိုမုဝမ်ရန်နှင့်ဖက်ထုပ်လေးတို့ရဲ့ romance လေးပါ Cover photo..credit pinterest