..[ U ]
လုကျား ပိုင်အိမ်သို့ တရက်ထမင်းစားရန်
ပြန်လာခဲ့တယ်၊ ထမင်းစားပြီး ညမအိပ်တော့ဘဲ မာမား ပိုင်နဲ့ စကားခဏပြောပြီးသူပြန်မယ်၊သူအိမ်ထဲသို့ ဝင်လိုက်တဲ့အချိိန် ပိုင်ရီက
ဧည့်ခန်းထဲရှိဆိုဖာပေါ်ထိုင်ပြီးTVကြည့်နေတယ်၊သူတို့နှစ်ယောက် ခဏတာမျှအကြည့်ခြင်း ဖလှယ်လို့ အပြီး မာမားပိုင်က သူတို့နှစ်ယောက်ရဲ့ အဆင်မပြေမှုကို မမြင်တာမို့
ချက်ပြုတ်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားပြီး
သူတို့နှစ်ယောက်တည်းကိုသာဧည့်ခန်းထဲတွင် ထားခဲ့တယ်။" မင်းဒီရက်ထဲ အိမ်ပြန်လာတယ်လို့
မားက ပြောတယ်""အဲ့လိုမှန်းသိရင် ငါအိမ်ပြန်မလာပါဘူး,
ခုတော့ မားရဲ့ အပြောကို သေမတတ်ခံ
လိုက်ရတယ်"လုကျား ပေါ့ပေါ့ပါးပါးပဲ ရယ်လိုက်မိတယ်,
" သူမင်းကို အရမ်း သတိရနေတာ"
သူတို့နှစ်ယောက် ဆိုဖာပေါ် ဘေးချင်းယှဥ်ကာ ထိုင်လိုက်ကြတယ်၊ပိုင်ရီရဲ့ မျက်လုံးတွေက TVမှာရှိပေမဲ့ စိတ်ကတော့တခြားရောက်
နေတယ်၊လုကျားကတော့ အသေအချာ
TVကြည့်နေတယ်၊ TVကြည့်ပြီဆိုထဲက
အာရုံက TVမှာပဲ ရှိနေပြီး ထို အကျင့်ကနှစ်ပေါင်းများစွာသူတီထွင်ခဲ့တဲ့အလေ့အထ
တစ်ခုလည်း ဖြစ်တယ်။ငယ်ငယ်တုန်းကဆို ပိုင်ရီက ရီမုကို အမြဲတစေ မောင်ပိုင်စီးကာ ယူထားလေ့ရှိပြီး
လုကျားကို ထိခွင့်မပေးခဲ့။ အဲ့ဒီအချိန်တုန်း
ကလည်း ပိုင်ရီ တစ်ခုခုကို အမြဲတွေးနေခဲ့ပြီး
လုကျားကို တချိန်လုံး TVမကြည့်စေချင်ဘဲ
သူနဲ့ ကစားစေချင်တာမို့ ဖြစ်တယ်။လုကျားသူ့ကို ကြည့်နေတာကို ပိုင်ရီ ကတော့
သတိမထားမိဘူး၊ သူလှည့်ကြည့်လိုက်ချိန်
လုကျား သူ့ကို ကြည့်နေတာကို တွေ့တဲ့အခါ
မသိစိတ်ဖြင့် 'ဆောရီး 'ဟုပြောကာ လုကျားကို ဘာကြည့်နေတာလဲလို့ မေးလာတယ် ။"ဘာမှမဟုတ်ဘူး...ဒီတိုင်း ကြည့်တာ...မင်းကြည့်ချင်တာ ကြည့်ပါ"
TVက ကြော်ငြာတစ်ခု လာနေပြီး ပိုင်ရီ
ရီမုကို ချလိုက်ချိန် ဧည့်ခန်းက အလွန်
အမင်းတိတ်ဆိတ်သွားခဲ့တယ်၊ လုကျား
နဲ့ ပေါ့ပေါ့ပါးပါး စကားပြောခဲ့သည်က ဘယ်တုန်းကလဲ ဆိုတာကိုသူမမှတ်မိ
တော့ဘူး၊လုကျား အိမ်က ထွက်သွားကတည်းက သူတို့နှစ်ယောက် အဆက်အသွယ် သိပ်မရှိကြတော့ဘူး၊
အစကတော့ အဲ့လောက်လေးက ဘာမှ
မဟုတ်ဘူးလို့ သူထင်ခဲ့ဖူးတယ်၊နောက်ဆုံး
သူတို့က မိသားစုဝင်တွေပဲမို့ အမြဲတမ်း
အဆက်အသွယ်မရှိရင်တောင် သူစိမ်းတွေတော့ မဖြစ်သွားကြဘူးလေ၊အခုတော့
ထို အတွေးက မသေချာနိုင်တော့ဘူး၊
ခုနလေး တင် သူ့ရဲ့ ဆောရီး ဆိုတဲ့ စကားက
ယဥ်ကျေးစွာဖြင့် သုံးနှုန်းလိုက်သော်လည်း
နှစ်ယောက်လုံးရဲ့ သံယောဇဥ်ကို ဆုံးရှုံး
သွားစေခဲ့တယ်။
YOU ARE READING
ဖက်ထုပ်လေးရဲ့ကိုကို (Complete)
Storie d'amoreကိုကိုမုဝမ်ရန်နှင့်ဖက်ထုပ်လေးတို့ရဲ့ romance လေးပါ Cover photo..credit pinterest