.[ U ]
ဖန်းရမ့် နှစ်အနည်းငယ်ကြာပြီးနောက်
လုကျားကို ပြန်တွေ့ရခြင်းကို မအံ့သြမိ၊
အမှန်တကယ်ကျ မြို့ကြီးက အကြီးကြီး မို့
အသိမိတ်ဆွေတွေ အမှတ်မထင် ပြန်ဆုံနိုင်တာပဲလေ။လုကျားက ပန်းခြံထဲရှိ ကျောက်တုံးကြီး
တစ်ခုပေါ်ထိုင်ကာ ရေခဲမုန့်လေးကိုင်ထားရင်း ဦးလေးကြီး အန်တီကြီးတွေကတာကို ကြည့်နေတယ်၊ဖန်းရမ့် က သူ့ကို ရင်းနှီးစွာ
ဖြင့် ကြည့်တယ်၊လုကျား မော့ကြည့်လာချိန်
သူတို့ မျက်လုံးချင်းဆုံသွားကြတယ်။"မင်းကဘာလို့ဒီရောက်နေတာလဲ?"
ဖန်းရမ့် သူ့ဘေးတွင်ဝင်ထိုင်ရင်း,
"မတွေ့တာကြာပြီ"
လုကျား အံ့သြသွားပြီးမှပြန်ဖြေလာတယ်,
" လူစောင့်နေတာ"
"ခုရော အဆင်ပြေလား?"
လုကျား သူ့ကို ထူးဆန်းစွာကြည့်လာပြီး
ဘယ်သူ့ကို ပြောနေတာလဲဆိုတဲ့ အကြည့်နဲ့," အဆင်ပြေပါတယ်"
"ငါရှောင်နန်းယွဲ့ ပြောတာကြားတယ်,
မင်းနဲ့ မုဝမ်ရန်တို့ ကျောင်းကိုသွားကြ
သေးတယ်ဆို ?""အင်း" လုကျားရဲ့ အာရုံက နောက်ဆုံးတွင် စိတ်ဝင်စားမှု အပြည့်ရှိလာပြီ၊
လုကျားက သူ့ကို သတိဖြင့် စကားပြောနေ
ပေမဲ့ ဘာလို့လုကျားကိုပဲ စကားပြောချင်နေလဲဆိုတာကို ဖန်းရမ့် မသိဘူး။" မုဝမ်ရန်ရော အခုတလောဘာတွေလုပ်နေလဲ? အဆင်ရောပြေရဲ့လား?"
လုကျား ဂရုတစိုက်ရှိတာမို့မုဝမ်ရန် အကြောင်းကို တမင်တကာပြောလိုက်တယ်။
လုကျားကဒေါသထွက်နေတဲ့ကြောင်လေး တစ်ကောင်လိုပဲ၊သူ့ ခန္ဓာကိုယ်ပေါ်က အမွှေးအမျှင်တွေ ဖွားတက်လာသလို ရေခဲမုန့်ကို တောင် ဆက်မစားနိုင်တော့ဘဲ ဖန်းရမ့်
ကို ကြည့်ပြီး ချက်ခြင်း လည်း ပြန်မဖြေဘူး။ခဏအကြာ လုကျား ပြောလာတယ်,
" သူအဆင်ပြေပါတယ်, ဒါပေမဲ့ အဲ့ဒါ
မင်းနဲ့ဘာမှမဆိုင်ဘူးထင်တယ်"
YOU ARE READING
ဖက်ထုပ်လေးရဲ့ကိုကို (Complete)
Romanceကိုကိုမုဝမ်ရန်နှင့်ဖက်ထုပ်လေးတို့ရဲ့ romance လေးပါ Cover photo..credit pinterest