EP31(U&Z)

1.8K 219 3
                                    

..[ U ]

မုဝမ်ရန် လုကျားကို လွှတ်လိုက်ပြီး လုကျားရဲ့ ဆံစလေးတွေနဲ့ နားရွက်လေးလေးတွေကို
ထိတွေ့လိုက်တယ်။

လုကျားက သူ့ကို စိုးရိမ်စိတ်ဖြင့် ကြည့်လာတာမို့ သူဘက်မှမသိဟန်ဆောင်ကာ ပြုံးရင်း
လုကျားကို မေးလိုက်တယ်။

" ဘာတွေအဲ့လောက် စိုးရိမ်နေတာလဲ?"

"ကျွန်တော်ကိုကို့ကို စိတ်ပူတယ်"

အဲ့လို အချိန်တိုင်းသူ့ကို ကြည့်လာတဲ့ မျက်လုံးလေး တွေကို သူအရမ်း သဘောကျတယ်၊သူ့မျက်လုံးတွေထဲမှာတော့လုကျားရဲ့ မျက်လုံးလေးတွေကအရောင်တဖျက်ဖျက်လက်နေတယ်။

" ဒီည ကိုယ်မင်းအိပ်မှာအိပ်မယ်"

လုကျား ခေါင်းညိတ်ပြတယ်,

"ကောင်းပြီ"

ညဘက်အပြင်ဘက်မှာ ခြင်တွေအများကြီးရှိ
နေတာမို့ သူတို့နှစ်ယောက် ခဏမျှ မတ်တပ်ရပ်ပြီး အိမ်ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်၊
လုကျားက ရှေ့သို့ခြေတလှမ်းလှမ်းတိုင်း
သူ့အားပျောက်ဆုံးသွားမည်ကို စိုးရိမ်သည့်
အလား သူ့ကိုပြန်ပြန်လှည့်ကြည့်လာတယ်။

မုဝမ်ရန် သူ့လက်လေးကို ကိုင်ပြီး ပြောလိုက်တယ်။

" သွားစို့...ကိုယ်မင်းနောက်ကို လိုက်ခဲ့မယ်"

လုကျား တစ်ယောက်မုဝမ်ရန်ရဲ့ လက်ချောင်းလေးတွေကို လက်နှစ်ဖက်ဖြင့်
ဆုပ်ကိုင်ပြီး ရှေ့သို့လျှောက်သွားလိုက်တယ်။

ညမှောင်မှောင်ထဲ နှစ်ယောက်သား အိပ်ခန်းထဲသို့ပြန်လာခဲ့တယ်၊လုကျား အိပ်ရာပေါ်ထိုင်ပြီး မုဝမ်ရန်ကို ငေးကြည့်နေတယ်။

" မင်းဘာမေးချင်လို့လဲ?"

မုဝမ်ရန်က လုကျားအဝတ်တွေမတော်တာမို့
အပေါ်အကျီသာ ချွတ်ထားလိုက််တယ်။

လုကျား ခေါင်းလေး ခါတယ်,

"မရှိဘူး"

မုဝမ်ရန် လုကျား ခေါင်းလေးကို တွန်းလိုက်တယ်,

" တကယ်လား? တကယ်မရှိဘူးပေါ့"

လုကျားက သူ့ကို အသေအချာကြည့်ပြီး
ထပ်ပြောလာတယ်။

ဖက်ထုပ်လေးရဲ့ကိုကို (Complete)Where stories live. Discover now