EP15(U&Z)

2.2K 233 0
                                    

..[ U ]

လုကျားသူ့ အရပ်အမြင့်ကို မေးခွန်းထုတ်မိတယ်၊

အမှန်အတိုင်းပြောရမယ်ဆိုရင်,သူ့အရပ်ကပုတဲ့အထဲတော့မပါဘူး၊ဒါပေမယ့် မုဝမ်ရန်ကိုက ရှည်လွန်းနေတယ်၊မုဝမ်ရန်က 189
ဆင်တီရှိနေပြီး လုကျားသူ့ဘေးမှာရပ်တဲ့ အခါကလေးလေးလို ဖြစ်သွားတယ်၊အထူးသဖြင့် လုကျားရဲ့ မျက်လုံးလေးတွေကို
အလှဆင်ထားတဲ့မျက်တောင်မွှေးရှည်ရှည်လေးတွေက လုကျားကို ပို၍ပင်ငယ်ရွယ်
နုပျိုစေတယ်။

ခရစ္စမတ်နေ့ကဆို ,သူတို့နှစ်ယောက် စကားတွေ ပြောဖြစ်ကြပေမယ့် မုဝမ်ရန်က သူ့ကို ကလေးတစ်ယောက်လိုပဲ ဆက်ဆံနေမြဲ ဆိုတာကို လုကျားခံစားမိနေတယ်။

မွန်းတည့်ချိန် အိပ်ဆောင်မှထွက်လာတဲ့အခါ,
လုကျားက အလေးအနက်ပြောလာတယ်။

'ကိုကိုရာ ကျေးဇူးပြုပြီးကျွန်တော်နဲ့
အရပ်တူတူပဲ နေပေးပါလား"

လုကျားစကားကို ကြားတော့ မုဝမ်ရန်က
သူ့ ခြေလှမ်းတွေကို ရပ်တန့်ပြီးခြေထောက်လေးတွေကို ကွေးကာ ခေါင်းလေးငုံ့ရင်း
ပြောလာတယ်။

'ဟုတ်ပြီ"

လုကျား :"........"

မုဝမ်ရန်က အလွန်အကျွံ့လည်းလုကျားကို မစရဲဘူး၊ လုကျားက ခုတလောအရမ်း ဒေါသထွက်တတ်လာတယ်၊ ဥပမာပြော
ရမယ်ဆိုရင် ခုလို မျိုး သူ့ကို လှည့်မကြည့်ဘဲ
ထွက်သွားတာမျိုးပေါ့၊ ခြေလှမ်းအနည်းငယ်လှမ်းပြီးလို့မုဝမ်ရန်လိုက်မလာတာကိုမြင်တဲ့အခါသူ့ခြေလှမ်းတွေကို ရပ်ပြီးလှည့်မေးလာတယ်။

'ကိုကိုက မလာတော့ဘူးလား?"

မုဝမ်ရန် သူ့အနီးသို့လျှောက်လာပြန်တော့
လုကျားက ပြောလာတယ်။

'ကျွန်တော်အဲ့လို အဓိပ္ပာယ်နဲ့ပြောတာမဟုတ်ဘူးဆိုတာကို ကိုကို မသိတာလား?ကျွန်တော်က တကယ်ကြီး အရပ်ပုနေတယ်မလား?
ကျွန်တော်က ဒါကို အဆင်ပြေတယ်လို့တွေးမိနေတာတောင်...ကိုကိုက ဘာကိစ္စအမြဲတမ်း
ရယ်နေရတာလဲ? ကျွန်တော်အရမ်းစိတ်ဆိုးတယ်၊မုဝမ်ရန်ကိုလည်းနည်းနည်းလေးစိတ်ဆိုးတယ်"

မုဝမ်ရန် က သူ့ဆံပင်လေးတွေကို ပွတ်သပ်ပေးလာတယ်။

"မင်းက အထက်တန်းတက်ရင်
ထပ်ရှည်လာနိုင်သေးတယ်လေ"

ဖက်ထုပ်လေးရဲ့ကိုကို (Complete)Where stories live. Discover now