..[U ]
နန်ရှင်း အထက်တန်းကျောင်းသို့ဝင်ရောက်သည့် ကျောင်းသားအများစုကဂျူနီယာအထက်တန်း အဆင့် ကျောင်းသားတွေဖြစ်တယ်။
လုကျားနဲ့ ဖန်ယွီကန်တို့က တစ်တန်းထဲ အတူတူဖြစ်ပြီး ပိုင်ရီကအခြားအတန်း
တစ်ခုတွင်ဖြစ်၏၊ သူတို့သုံးယောက်က
ရံဖန်ရံခါနေ့လည်စာလည်းအတူတူစားကြတယ်။ပိုင်ရီက ယခင်ကထက် အရပ်ပိုရှည်လာသည်နှင့်အမျှ ပုံသဏ္ဌာန်တွေလည်း ပြောင်းလဲလာတယ်၊ ထို့ကြောင့်ကျောင်းတွင် မိန်းကလေးတွေကြား အတော်လေးရေပန်းစားလာတယ်။
လုကျားက ပိုင်ရီတစ်ယောက်မကြာမီ ရည်းစားရတော့မည်ဟု တွေးမိသော်လည်း
ကျောင်း စတက်သည်မှာ တစ်လပင်တင်းတင်းပြည့်သွားသည့်တိုင်ပိုင်ရီတစ်ယောက် တုပ်တုပ်မျှမလှုပ်သေး။လုကျားက ပိုင်ရီအား ဘာလို့ရည်းစားမထားတော့တာလဲလို့မေးတဲ့အခါပိုင်ရီပြန်ဖြေတယ်၊
'ဒါဆို မင်းကရော ဘာလို့ကောင်မလေး
မရှာ သေးတာလဲ ?"'ငါက ငယ်သေးတယ်"
ဒီနှစ်မှအသက်15နှစ်ပြည့်တဲ့ပိုင်ရီ:
"........."ဖန်းယွီကန် ကတော့ သူမထက်အသက်ကြီးသူတွေကို နှစ်သက်တယ်၊ ထိုသို့သော
အသက်ကြီးကြီး အစ်ကိုကြီးတွေနဲ့ ဆုံအောင်
ကစားကွင်းကို မကြာခဏသွားလေ့ရှိတယ်၊
လုကျားနဲ့ ပိုင်ရီကို နေ့လည်ခင်းမှာတွေ့ရင်တောင် စီနီယာအစ်ကိုကြီးတွေအထင်လွဲမှာစိုးလို့နှုတ်ဆက်စကားလေးတောင်
မပြောနိုင်ရှာဘူး။ပိုင်ရီက လှောင်ရယ်ရယ်လိုက်ပြီး လုကျားရဲ့
ပခုံးပေါ်လက်တင်လိုက်တယ်။"မင်းက အရမ်း တွေးလွန်းတယ်"
ပိုင်ရီက ပြုံးပြီး,
"ငါပြောဦးမယ်...မင်းတို့နှစ်ယောက်ကို
ဘာလုပ်မိလို့ မင်းတို့ဘာသာ ရန်ဖြစ်တာကို
ငါ့ကို ဘာလို့လာရိုက်တာလဲ ?"လုကျားက သူ့လက်ကို ဝေ့ရမ်းပြီး အပြစ်ကင်းစွာပင် ချေပလာတယ်။
'ငါက အကျင့်ပါနေတာ"
ဖန်းယွီကန်ကလည်း လုကျားနဲ့ သူ့ကို ဝေ့ရမ်းပြပြီး ,
YOU ARE READING
ဖက်ထုပ်လေးရဲ့ကိုကို (Complete)
Romanceကိုကိုမုဝမ်ရန်နှင့်ဖက်ထုပ်လေးတို့ရဲ့ romance လေးပါ Cover photo..credit pinterest