..[ U ]
ညမှောင်မှောင်ထဲ၌ ပုံရိပ်နှစ်ခုကလည်း
ထပ်နေတာမို့ နမ်းနေသလို ဖြစ်သွားတယ်။လုကျား တစ်ယောက် မှင်သက်နေရာမှ
သူ့နားရွက်လေးကို ကိုင်ရင်းထပြောလာတယ်။"ဘာလုပ်...ရုတ်တရက်ကြီးဘာလုပ်တာလဲ?"
"ဘေးကကြည့်နေတဲ့သူဆိုဘယ်လိုမြင်
သွားမယ်လို့ မင်းထင်လဲ?"မုဝမ်ရန်က လုကျားရဲ့ ပခုံးလေးကိို ဆုပ်ကိုင်ရင်း ပြုံးစစဖြင့် ပြောလာတယ်။
" နမ်းလိုက်တယ်လို့ထင်မသွားဘူးလား?"
'အာ.." လုကျား တစ်ယောက််နှစ်စက္ကန့်မျှ ဆွံ့အနေရာမှမုဝမ်ရန်အားမှင်သက်နေဟန်
ဖြင့်ကြည့်လာတယ်။မုဝမ်ရန်၏နှုတ်ခမ်းထောင့်လေးများ
တွန့်ကွေးသွားသည့်တိုင် မျက်လုံးများတွင်
မူ အရယ်အပြုံးတို့ ကင်းမဲ့နေတယ်၊လမ်းတဖက်ခြမ်းမှလူကလည်းသူ့ အကြည့်တွေ
ကို လွှဲဖယ်သွားတယ်။ သူက တဖက်လူအား
စက္ကန့်အနည်းငယ်မျှစိုက်ကြည့်ပြီးမှ လုကျားဘက်သို့လှည့်ပြီး ပြောလာတယ်။" ကိုယ်ပြောထားတာတွေကို မှတ်မိလား?"
လုကျား သူ့အောက်နှုတ်ခမ်းလေးကို
ကိုက်ထားရင်း မုဝမ်ရန် သူ့ကို ပြောတာ
တွေက အများကြီးပဲလေ၊အိမ်စာတွေကို
အချိန်မီ ပြီးအောင်လုပ်ဖို့တွေနဲ့သွားတိုက်ပြီး
သကြားလုံးတွေ မစားဖို့တောင်ပါသေးတယ်။မုဝမ်ရန်ရဲ့ လက်ဖဝါးပြင်က လုကျားရဲ့ ခေါင်းလေးပေါ် အုပ်မိုးထားလျက်ရှိနေရာမှ
မျက်လုံးထောင့်လေးမှတဆင့်လျှောဆင်း၍
ပါးပြင်လေးကို ထိကိုင်လာရင်း နောက်ဆုံးတွင် လည်ပင်းဆီသို့ရောက်ကာလုကျားရဲ့ ညှပ်ရိုးဖြူဖြူလေးပေါ် အဆုံးသတ်သွားတယ်။" သူနဲ့ ဝေးဝေးနေ"
ထိုသို့ ပြောပြီးနောက်တဖက်ခြမ်းမှ လူကို
လှမ်းကြည့်လိုက်တယ်။" သူက မင်းကို ကြိုက်နေတာ"
"ဒါပေမဲ့ ကျွန်တော်သူ့ကို မကြိုက်ဘူးလေ"
လုကျားက မုဝမ်ရန်ရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်တယ်။
YOU ARE READING
ဖက်ထုပ်လေးရဲ့ကိုကို (Complete)
Romanceကိုကိုမုဝမ်ရန်နှင့်ဖက်ထုပ်လေးတို့ရဲ့ romance လေးပါ Cover photo..credit pinterest