..[ U ]
လုကျားတစ်ယောက်စိတ်ရှုပ်သွားပြီး ကျောင်းရှေ့အင်တာနက်ကဖေးတွင်
သူရှိနေကြောင်းမုဝမ်ရန်ကိုပြောလိုက်တယ် ။မုဝမ်ရန် : [ဘယ်သူနဲ့လဲ?]
လုကျား တစ်ယောက်တည်းတော့ အင်တာနက်ကဖေးဆိုင်ကိုသွားမှာမဟုတ်ဘူးလို့
သူတွေးမိတယ်။လုကျား :..
[ ကျွန်တော်ခုနပြောတယ်လေ, ဖန်းရမ်နဲ့လို့]မုဝမ်ရန် : [ မင်းက သူနဲ့ ရင်းနှီးလို့လား?]
လုကျား: [ ကိုကိုရော သူနဲ့မရင်းနှီးဘူးလား?]
မုဝမ်ရန် : [ မင်းဘယ်အချိန်အိမ်ပြန်မှာလဲ?]
လုကျား : [ ခဏနေရင်ပြန်မှာ ..နောက်ထပ် နာရီဝက်လောက်ပဲ]
မုဝမ်ရန် : [ အင်း ]
ဖန်းရမ်ကသောက်စရာတွေနဲ့အတူပြန်လာပြီး လုကျားရဲ့ ပခုံးကိုပုတ်ရင်းပြောလာတယ်၊
"မင်းဘယ်သူနဲ့ စကားပြောနေတာလဲ?"
လုကျားကကော်ဖီသောက်ရင်းအေးဆေးစွာ
ပဲ ပြန်ဖြေတယ်၊"မုဝမ်ရန်"
ဖန်းရမ့်:"....."
ခဏအကြာသူထပ်မေးလိုက်တယ်,
"မင်းတို့ ဘာတွေပြောနေတာလဲ?"
လုကျားက ခုံကို ဆွဲယူရင်း ,
"အဟမ်း..ခင်ဗျားအကြောင်း.."
သူတော့မိုင်းဗုံးပေါ်သို့ ခြေတင်ထားမိသကဲ့သို့ခံစားမိနေတယ်။
လုကျားက ထပ်ပြောလာတယ်,
" ကြည့်ဦး..ကျွန်တော်တို့ ဆုံတဲ့အချိန်တိုင်း
သူ့ အကြောင်းပဲ ပြောမိကြတယ်"ထို့နောက် လုကျားခေါင်းလေး မော့ပြီး
နူးညံ့စွာ ပြောလာတယ်၊" ခင်ဗျားက သူ့ကို တွေ့ချင်နေတာဖြစ်
မယ်လို့ ကျွန်တော်ထင်တယ်,သူနဲ့တွေ့ရင် စကားပြောပါ,သူကတကယ့်တကယ်ကျ
သဘောလည်း ကောင်းတယ်,စကားပြောလည်း ကောင်းတယ်"သူခြေထောက်လေး ကြွလိုက်သည်နှင့်မိုင်းပေါက်ကွဲသလို ဖန်းရမ့်တစ်ယောက်သေချင်မိသွားတယ်၊ခဏအကြာမှလုကျားဘာပြောချင်လဲဆိုတာကို သူနားလည်သွားတယ်၊
YOU ARE READING
ဖက်ထုပ်လေးရဲ့ကိုကို (Complete)
Romanceကိုကိုမုဝမ်ရန်နှင့်ဖက်ထုပ်လေးတို့ရဲ့ romance လေးပါ Cover photo..credit pinterest