..[ U ]
ဆောင်းဦးပွဲတော်နေ့တွင် လုကျားက မာမားပိုင်ဆီ ဖုန်းဆက်ပြီး ဒီည အိမ်သို့ ဧည့်သည်ခေါ်လာလို့ရနိုင်မလားဟု မေးလာတယ်။
မာမားပိုင်က သူ့ကောင်မလေးအားအိမ်ခေါ်လာမည်ဟု တွေးမိတာမို့ ဝမ်းသာအားရပင် သဘောတူလိုက်တယ်။ပိုင်ရီ နေ့လည်ဘက်အိမ်ပြန်လာချိန် မာမားပိုင်က ညနေဘာချက် ရင်ကောင်းမလဲဆိုတာကို တိုင်ပင်တယ်။
" ထုံးစံအတိုင်း ပဲချက်ပေါ့"
"အဲ့လိုကျ မကောင်းဘူးလေ, ကောင်မလေး ညနေဘက်ရောက်လာလို့ ငါတို့ တစ်ခုခု
ကောင်းကောင်းလေး မစီစဥ်ထားလို့
ဘယ်ဖြစ်မလဲ ?"ပိုင်ရီ အံ့အားသင့်သွားပြီး ,
" ဘယ်လို ? ဘယ်သူလဲ ? အိမ်ကို ဘယ်သူလာမှာလဲ?"
"မင်းအစ်ကိုရဲ့ရည်းစားလေ"
"...အော်"
မာမားပိုင်က ပိုင်ရီကို မယုံသက်ာကြည့်ရင်း ,
" မင်းက ဘာကို အော်တာ လဲ ? အမှန်အတိုင်းပြောစမ်း...မင်း တွေ့ဖူးပြီးသားလား?"
...အင်း...ပိုင်ရီ ခေါင်းညိတ်ပြပေမယ့် ပါးစပ်ကတော့...
" မဟုတ်ပါဘူး"
မူးတဲ့ည နောက်ပိုင်း ပိုင်ရီ တစ်ယောက် အိမ်သို့ မပြန်ဖြစ်ခဲ့သည်မှာရက်အတော်လေး ကြာတယ်၊တပတ်အကြာ မေ့မေ့ ပျောက်ပျောက်ရှိလောက်ပြီဖြစ်နေချိန် လုကျားကလည်း အစဖော်မလာခဲ့၊ ရံဖန်ရံခါ နှစ်ယောက်သားမျက်လုံးချင်းဆုံမိကြပေမဲ့
ရှောင်ရှားနေခဲ့တယ်။သူရုတ်တရက် ညရောက်လာမည်ကို ကြောက်နေမိတယ်, လုကျားကို တွေ့ရမှာကြောက်တယ်, ပြီးတော့ လုကျားခေါ်လာမယ့် သူကိုလည်း တွေ့ရမှာကြောက်တယ်။
ရလာဒ်တစ်ခုကို မြင်ရတော့မယ်၊ ညနေဘက်တွင် မာမားပိုင်တံခါးဖွင့် လိုက်ချိန် လုကျား
နောက်မှာ ရပ်နေသူကို တွေ့လိုက်ရတော့
ပို၍ပင် အံ့သြသွားတယ်၊စက္ကန့် အနည်းငယ်
ကြာပြီး မှ စကားပြောနိုင်တယ်," ရှောင်ရန်...လာလေ အထဲကို "
လုကျားက " ရှောင်ရန်" ဆိုတဲ့ နာမည်ခေါ်သံကိုကြားတော့ ခေါင်းလေး ငုံ့ပြီး ရယ်တယ်။
YOU ARE READING
ဖက်ထုပ်လေးရဲ့ကိုကို (Complete)
Romanceကိုကိုမုဝမ်ရန်နှင့်ဖက်ထုပ်လေးတို့ရဲ့ romance လေးပါ Cover photo..credit pinterest