..
[ U ]မနက်သုံးနာရီ ခန့်တွင်ဘိုးဘိုးမုအား အရေးပေါ်သို့ ပို့ဆောင်ခဲ့ရတယ်။အခန်းပြင်မှာ
စောင့်နေကြသူတိုင်းက အဘိုးအိုက အသက်ကြီးပြီမို့ ထွက်သွားရတော့မယ်ဆိုတာကို ကောင်းကောင်းသိကြတယ်၊မုရှန်းနဲ့ မုဝမ်ရန်တို့က ပထမဦးစွာရောက်လာကြပြီး မုကျန်ချန်းနှင့် ချွီယွဲ့၊ မုဝမ်ချန်း
နှင့်သူနှင့်စေ့စပ်ထားတဲ့ မိန်းကလေးတို့က
နောက်မှရောက်လာကြတယ်။ချွီယွဲ့ကိုတွေ့တော့ မုဝမ်ရန် အံ့သြသွားပေမဲ့
ချွီယွဲ့ ကို မြင်ရခြင်းက အဆန်းတကြယ်တော့ မဟုတ်ဘူး။မုဝမ်ရန်ထိုင်နေတဲ့ နေရာမှာ လူအနည်းငယ်လဲရှိနေတယ်၊ချွီယွဲ့ ကလည်းသူ့ဘေးမှာဝင်ထိုင်တယ်၊
" ငါဒီနေ့ ဝမ်ချန်းဖို့ တွေ့ဖို့သွားရာက သူတို့နဲ့ အတူ လိုက်လာတာ"
"သူမင်းကို ခုတလော လိုက်ပြီး ပြဿနာရှာနေလား?"
"အဆင်ပြေပါတယ်"
"မင်းအသက်ဘယ်လောက်ရှိပြီမို့ ခုထိနုံအနေတုန်းလဲ ?"
ချွီယွဲ့ သက်ပြင်းချပြီး ဒီနှစ်များစွာအတွင်း
မပြောဖြစ်ခဲ့တဲ့ စကားအချို့ အားထုတ်ပြောလိုက်မိတယ်," အခုအချိန်မှပြောဖို့က နောက်ကျနေပြီ...
နှစ်တွေ အကြာကြီး သူနောက်အိမ်ထောင်မပြုဘဲ 25နှစ်ကြာအောင် မင်းအတွက်စဥ်းစားခဲ့တာတွေကို မင်းမသိဘူးလား?"မုဝမ်ရန် လှည့်ကြည့်မိတယ်။
ချွီယွဲ့က သူ့ကို ကြည့်ရင်း,
" မင်းသိလား? ..."
သူ(မ)က နံရံကို မှီလိုက်ပြီး ဆက်ပြောလာတယ်,
" ...အဲ့ဒါ အမှန်ပဲ၊မင်းနဲ့ဝမ်ချန်းတို့က
စဥ်းစားတတ်ကြတဲ့သူတွေပဲ""သူရောဘယ်လိုလဲ?"
ချွီယွဲ့ လုကျားကို ပြောချင်တာဖြစ်ပြီး ခုချိန်ထိ မုဝမ်ရန်ရဲ့ရွေးချယ်မှုကိုလက်မခံနိုင်ဘူး။
" အကုန်ကောင်းတယ်"
"အဲ့ဒီ စကားနှစ်ခွန်းကလွဲရင် မင်း ဒီထက်ပိုပြီး ပြောလို့မရတော့ဘူးလား?"
YOU ARE READING
ဖက်ထုပ်လေးရဲ့ကိုကို (Complete)
Romanceကိုကိုမုဝမ်ရန်နှင့်ဖက်ထုပ်လေးတို့ရဲ့ romance လေးပါ Cover photo..credit pinterest