..[ U ]
ထိုနေ့ည ဖန်းရမ့်ရဲ့ မေးခွန်းက မုဝမ်ရန်ရဲ့ နှလုံးသားအတွက်လှိုင်းတံပိုးပင်မဖြစ်စေလျက် သူ့နှလုံးသားအလိုကျအတိုင်း ဖြေခဲ့
ခြင်းပင်။ပုံမှန်လိုပဲ အချိန်တွေပင်ကုန်လွန်သွားခဲ့ပြီး
အကြိုစာမေးပွဲ၌ လုကျားရဲ့ ရမှတ်တွေက
လည်းစိတ်ကျေနပ်စရာမရှိခဲ့ဘူး၊သူ့ကိုစာပြပေးဖို့ မုဝမ်ရန်ကို ရှာချင်ပေမယ့် ထို အတွေးကို ပိုင်ရီက တားဆီးလာတယ်။ပိုင်ရီ :" ငါမင်းကို စာပြပေးမယ်"
လုကျား :"မင်းဘာပြောလိုက်တယ်?"
ပိုင်ရီ : " ငါမင်းကို စာပြပေးမယ်"
လုကျား အံ့သြနေတယ်,
"မင်းကတကယ်ပြောနေသလိုပဲ...ငါ့ကို အတည် ပေါက်နဲ့ လာမနောက်စမ်းပါနဲ့.."
ပိုင်ရီ "ဟွန့် " ကနဲ လုပ်ပြီး
" ငါတကယ်ပြောနေတာ, မင်းဘာလို့
အပြင်သွားနေမှာလဲ?""ငါကမင်း နောက်နေတယ်ထင်လို့"
ပိုင်ရီက စားပွဲခုံကို လက်ဖြင့် ရိုက်လိုက်တယ်၊
"ပေါက်ကရတွေပြောမနေနဲ့, ငါမင်းကို
စာပြပေးမယ်!! "လုကျား ရှုံ့မဲ့သွားပြီး,
"စာမေးပွဲမှာ မင်းက ငါ့ထက်ဘယ်လောက်ပိုပြီးအမှတ်ကောင်းနေလို့, မင်းကငါ့ကိုစာ သင်ပေးမှာလဲ?"
ပိုင်ရီ က ဆံပင်တွေကို ထိုးဖွပြီးအသံကို မြှင့်ကာခပ်ဆတ်ဆတ်ပြောလာတယ်၊
"...ဒါဆို မင်းကရော တခြားသူအိမ်ကို တချိန်လုံးဘာလုပ်ဖို့ သွားနေမှာလဲ? မင်းမှာအိမ်မရှိလို့အမြဲတမ်း အပြင်ဘဲ ထွက်နေတာလား?"
လုကျားခဏမျှအံ့အားသင့်နေမိတယ်၊ပိုင်ရီ
ကအလားတူ စကားကိုသာအကြိမ်များစွာပြောခဲ့သော်လည်း အမြဲတမ်းနောက်ပြောင်သလိုသာပြောဘူးတယ်၊ဒီတခါတော့
ပိုင်ရီ ဘယ်လိုသဘောနဲ့ ပြောတယ်ဆိုတာကို
သူမခန့်မှန်းနိုင်တော့။မာမားပိုင်က အခန်းထဲမှပြောလာတယ်,
"ပိုင်ရီ , မင်းအစ်ကိုကို ဘယ်လိုလေသံနဲ့
စကားပြောနေတာလဲ?"
YOU ARE READING
ဖက်ထုပ်လေးရဲ့ကိုကို (Complete)
Romanceကိုကိုမုဝမ်ရန်နှင့်ဖက်ထုပ်လေးတို့ရဲ့ romance လေးပါ Cover photo..credit pinterest