"Kim taehyung....taehyung ဘယ်မှာလဲ"
"ဟို...ဟို..အကိုလေးခြံထဲမှာ
ပန်းပင်ရေလောင်းနေပါတယ်""အေး...သူ့ကိုအခုချက်ချင်းသွားခေါ်လာခဲ့"
"ဟုတ်...ဟုတ်ကဲ့..သခင်လေး"
Jungkook၏အပြောကြောင့်အိမ်အကူကောင်မလေးခမျာကြောက်ကြောက်
လန့်လန့်နှင့်ထွက်သွားရှာလေသည်။
အိမ်ကြီးရှင်ဖွားဖွားကြီးရဲ့မြေးJung kook၏
အမိန့်ကိုလွန်ဆန်ရဲသူတစ်ယောက်မှမရှိပေ။"Jeon..ကျွန်တော့ကိုခေါ်တယ်ဆို"
ရေစိုနေသောအင်္ကျီလေးဖြင့်ဝင်လာသော
taehyungကသူ့အနားသို့ပြာပြာသလဲလဲ
ရောက်လာကာ jungkookပြောမည့်
စကားအားအလေးထားလိုက်နာမည့်ဟန်
စူးစိုက်ကြည့်နေသည်။"အေး..ဟုတ်တယ်။မင်းအလုပ်မင်းမသိဘူးလား
အရေးမကြီးတာတွေလုပ်မနေနဲ့။ငါအခု
ရုံးသွားရမယ်။အဲ့ဒါငါ့ကားကိုဆေးထား
၅မိနစ်အချိန်ပေးမယ်။သေချာဆေး""ဟို..သခင်လေး"
"ဘာလဲ"
"ဖွားဖွားကြီးက အကိုလေးကိုအလုပ်တွေ
မလုပ်ခိုင်းဖို့မှာထားလို့ပါ""ငါကသူ့ယောင်္ကျား ငါခိုင်းတာသူလုပ်ရမှာပဲ။
အဖွားကိုပြန်တိုင်ရဲရင်တိုင်ကြည့်လေ""ဟုတ်ပြီ..ကျွန်တော်လုပ်လိုက်ပါ့မယ်။
Lee yungလည်းအလုပ်သွားလုပ်တော့နော်"ထယ်ယောင်းဝင်ပြောမှကလေးမလေးဟာ
ထွက်သွားလေသည်။ဂျွန်နဲ့လက်ထပ်တော့
မေမေကထယ်ယောင်းအတွက်အဖော်တစ်ယောက်ထည့်ပေးလိုက်တာဖြစ်သည်။မျက်စိရှေ့ကထယ်ယောင်းမှာတော့
သူပေးသည့်အချိန်နှင့်အလျင်မီအောင်
ကားကိုရေဆေးနေသည်။နေ့တိုင်း
ထယ်ယောင်းကိုအိမ်အလုပ်တွေ
ခိုင်းသည်။အရင်ကထယ်ယောင်းဘယ်လို
နေခဲ့ရသလဲjung kookစိတ်မဝင်စားပါ။
မင်းရွေးတဲ့လမ်းတော့ မင်းကောင်းကောင်း
သိရမယ်လေ။ငါကတော့မင်းကိုရွှေပေါ်
မြတင်ထားမှာမဟုတ်ဘူးထယ်ယောင်း..."ပြီးပြီ Jeon..ကုမ္ပဏီသွားတော့မလား"
"သေချာရောပြောင်အောင်ဆေးရဲ့လား။
ငါ့ပစ္စည်းတွေသပ်သပ်ရပ်ရပ်နဲ့သန့်ရှင်း
နေတာပဲလိုချင်တာနော်"
