အိမ်ကိုမင်းဘာသာပဲ ပြန်လိုက်တော့နော်။
ငါသွားစရာလေးရှိလို့အရင်သွားနှင့်ပြီ""ဟို..ခဏလေးဂျွန်...ခဏလေး"
သူပြောတာကိုမစောင့်ဘဲ ထွက်သွားပါသောဂျွန်
အဲ့ဒါမှအခက်တွေ့တာပဲ။အိမ်ကထွက်ကတည်းက
ပိုက်ဆံလည်းမယူလာမိ ကိုယ်တိုင်လည်း
ပိုက်ဆံကိုင်မသုံးရတာကြောင့်ထယ်ယောင်းမှာ ပိုက်ဆံ တစ်ကျပ်ပင်မရှိပါ။ဂျွန့်ဆီကပိုက်ဆံတောင်းထားမလို့ကိုစကားဆုံးအောင်
ပြောခွင့်မပေးဘဲထွက်သွားတဲ့ဂျွန့်ကြောင့်
ထယ်ယောင်းတစ်ယောက်အိမ်ရောက်အောင်
ဘယ်လိုပြန်ရမလဲပဲစဥ်းစားနေတယ်။"သခင်လေးက ပြန်သွားပြီလား။
အတူမပြန်ကြဘူးလား""အာ..ဟုတ် ဂျွန်အလုပ်ကိစ္စရှိလို့အရင်
ပြန်သွားတာပါ""သြော်..အကိုလေးတစ်ယောက်ထဲပြန်ရဲပါ့မလား။
ဒါမှမဟုတ် ဦးလေးသခင်မကြီးဆီဖုန်းဆက်ပြီးကြိုခိုင်းရမလား""နေပါစေ..ကျွန်တော်တစ်ယောက်ထဲပဲပြန်လိုက်
ပါ့မယ်။အပြင်မထွက်ဖြစ်တာလည်း
ကြာပြီဆိုတော့လေ"ပြောမယ်သာပြောတာ ထယ်ယောင်း
သူတစ်ယောက်ထဲပြန်ရမှာ နည်းနည်းတော့ကြောက်ပါသည်။အဖွားဆီဖုန်းဆက်ပြီး
ကြိုခိုင်းလို့ရပေမယ့်ဂျွန်အဆူခံရမည်
စိုးတာကြောင့်တစ်ယောက်ထဲလမ်းလျှောက်
ပြန်ရန်သာ ဆုံးဖြတ်လိုက်သည်။ဘယ်တတ်နိုင်
ပါ့မလဲတစ်ယောက်ထဲ ပြန်ရုံသာရှိတော့တာပေါ့။jungkookတစ်ယောက်ခုနကဖုန်းလာတော့
ဟေဝန်းဆီကဖြစ်နေသည်။ဒီနေ့ကိုရီးယားကိုပြန်လာနေပြီ လာကြိုပါဆိုလို့ သူ့မှာအပြေးအလွှား
လေယာဥ်ကွင်းမှာလာစောင့်နေသည်။နှစ်တွေ
ဘယ်လောက်ကြာသွားကြာသွား တစ်ခုခုဆို
ဟေဝန်းကသူ့ကို အကူညီတောင်းတတ်သည်။
အဲ့ဒီလိုအကူညီတောင်းတာကို ဂျောင်ဂုသဘောကျမိသည်။ကိုယ်ဟာ သူ့အတွက်
အားကိုးရာလိုဖြစ်နေတဲ့ခံစားချက်မျိုးလေ။"Oppa"
သူ့ကိုမြင်တော့လက်ဝှေ့ရမ်းပြနေတဲ့ဟေဝန်းက
အဝေးကနေပြေးဖက်လိုက်သည်မို့ ခဏတော့ကြောင်သွားပေမယ့် နောက်မှဖက်ထားရာကနေ
ခွာလိုက်သည်။