Chapter -7

729 53 1
                                    

"ခေါင်းတွေကိုက်လိုက်တာ"

jungkookတစ်ယောက်ညကသောက်တာ
များသွားသဖြင့်အိပ်ရာနိုးတော့ခေါင်းတွေ
ကိုက်နေလေသည်။အလုပ်သွားရမှာမလို့
သာထလိုက်သည်။လူကခေါင်းတွေ
တော်တော်ကိုက်နေသည်။ခါတိုင်း
သောက်နေကျlimitထက်ကျော်သွားတာ
ကြောင့်လည်းပါသည်။

မျက်နှာသစ်အဝတ်စားလဲပြီးရုံးသွားရန်
အောက်ထပ်သို့ဆင်းလာမှမမြင်ချင်တဲ့
မျက်နှာကဦးစွာမြင်ရတော့သည်။
ခေါင်းကမကြည်ပါဘူးဆိုKim taehyung
ကိုမြင်ရတာပိုလို့တောင်ဆိုးသွားသယောင်။

"Jeonနိုးပြီလား။ဒီမှာအမူးပြေအောင်
သံပုရာရည်လေးသောက်လိုက်နော်"

"ငါ့ကိုမနက်စောစောစီးစီးသံပုရာရည်
သောက်ခိုင်းနေတာလားKim taehyung"

"ဟို..ဂျွန်အမူးပြေအောင်တိုက်တာပါ"

"မလိုဘူး။

"အဒေါ်ကြီးရေ...ကျွန်တော့်ကို
Coffeeနဲ့မုန့်ပဲလုပ်ပေးပါ"

"ဟုတ်ကဲ့ပါ..သခင်လေး"

"နောက်ဆိုစားပွဲပေါ်ကို မသန့်ရှင်းတဲ့
စားစရာတွေမတင်ပါနဲ့။အဒေါ်ကြီး
ကိုယ်တိုင်ချက်တာမဟုတ်ရင်ကျွန်တော်က
သွန်ပစ်မှာနော်"

ထိုစကားကိုထယ်ယောင်းအားစိုက်ကြည့်ကာ
ပြောလိုက်သည်။သူပြောလိုက်တော့
ခေါင်းငုံ့ကာထွက်သွားပါသောထယ်ယောင်း။

"ဒါလေးပြောတာကို ငါ့အရှေ့ကထွက်သွား
တယ်ပေါ့လေကင်မ်ထယ်ယောင်း"

စိတ်ထဲမှာတီးတိုးပြောကာအလုပ်သွားရန်
ကားထုတ်တော့ခြံတံခါးဝမှာမတ်တပ်ရပ်နေတဲ့ထယ်ယောင်းက jungkookကားထွက်ဖို့
တံခါးဖွင့်ပေးလေသည်။jungkookလည်း
အခုမှစိတ်ကြည်သွားတော့သည်။
မင်းတာဝန်ကိုတော့သိသားပဲ။

"ဂရုစိုက်သွားပါJeon"

သူ့စကားအားဘာမှပြန်မပြောဘဲ
ကားမောင်းထွက်သွားပါသောဂျွန်။
တစ်ကယ်ဆိုညကအရက်သောက်ထားသဖြင့်ခေါင်းကိုက်နေမှာစိုးတာကြောင့်သံပုရည်
ဖျော်တိုက်ပေးခြင်းဖြစ်သည်။သူ့ကိုဆို
အမြင်မကြည်သောဂျွန်ကထယ်ယောင်း
ဘယ်လိုနေနေ၊ာလုပ်လုပ်
အပြစ်ပြောစရာချည်းသာဖြစ်နေသည်။

What's wrong with us(Ongoing)Where stories live. Discover now