"ပါပါး ခုနကဦးဦးကဘယ်သူလဲဟင်"
"မသိပါဘူးသားရယ်"
"အဲ့ဒါဆိုဘာလို့ပါပါးနာမည်ကိုခေါ်တာလဲ။
ပါပါးကရော ဘာလို့အဲ့ဦးဦးကိုအိမ်ထဲ
မခေါ်တာလဲဟင်"မျက်နှာလေးမော့ကာမေးလာပါသော
သားကိုထယ်ယောင်းသင့်တော်မယ့်
အဖြေသာပေးလိုက်သည်။အမေးမြန်းထူလွန်း
တဲ့ပေါက်စကိုသူရှင်းပြရဦးမယ်။
ကလေးတွေရဲ့ဗီဇအရသားကစူးစမ်းတတ်သည်။
လူစိမ်းမြင်လျှင် ထိုလူ့အကြောင်းအား
မေးမဆုံးတော့။ "အဲ့ဦးဦးကဘယ်သူလဲ၊
ပါပါးနဲ့သိတာလား၊သားတို့ဆီလာလည်
တာလားဟင်"စသဖြင့်မေးတတ်သည်။
သားတို့အမျိုးလားဆိုတာပါသေးသည်။
အဲ့အခါကျရင်ထယ်ယောင်းမှာအာပေါက်
မတတ်ရှင်းပြရပြီ။"ပါပါးနာမည်ခေါ်တာကလူမှားပြီး
ခေါ်တာနေမှာပါ။မသိတဲ့လူကို
အိမ်ပေါ်ခေါ်တင်လို့မရဘူးလေ
သားသိတယ်မလား"ထယ်ယောင်းကမေးခွန်းထောက်မေးတော့
သားကခေါင်းငြိမ့်ပြသည်။"အဲ့ဦးဦးကသားတို့နဲ့မသိဘူးပေါ့နော်"
"အင်း..အဲ့ဦးဦးကိုပါပါးတို့မသိဘူး"
သူ့ရဲ့နေရပ်လိပ်စာကိုဂျောင်ဂုဘယ်လို
ရသွားတာလဲ။သူ့အနောက်ကိုများလိုက်နေတာလားဆိုတဲ့အတွေးကြောင့်ထယ်ယောင်းအနည်းငယ်တော့စိုးရိမ်မိသည်။သို့ပေမယ့်
မဖြစ်နိုင်ပါဘူး။ဂျွန်ဂျောင်ဂုဆိုတဲ့လူကဘယ်တုန်းကမှသူနဲ့ပတ်သက်သမျှကို
စိတ်ဝင်တစားရှိခဲ့ဖူးသူမှမဟုတ်ပဲလေ။မသိမသာကလေးသက်ပြင်းချလိုက်ရင်းပဲ
သားကိုပေါင်ပေါ်တင်ကာမေးဖျားကလေးကို
ဆွဲ၍သူနဲ့မျက်လုံးချင်းဆုံစေလိုက်သည်။
သားကိုမှာစရာရှိတာမှာရမယ်။သားက
ကလေးဆိုတော့ဘယ်သူခေါ်ခေါ်
လိုက်မှာကိုစိုးရိမ်ရတယ်။အထူးသဖြင့်
ဟိုလူလာခေါ်ခဲ့ရင်"ပါပါးတစ်ခုပြောထားမယ်နော်သား
လူစိမ်းတွေခေါ်ရင်လိုက်မသွားနဲ့ကြားလား""ဟုတ်ကဲ့..ပါပါး"
"ဘယ်သူဘာကျွေးကျွေးလည်းမစားရဘူးနော်"
"Banana milkတိုက်ရင်ကောဟင်"
ကြည်လင်တောက်ပသောသားမျက်လုံး
လေးတွေဟာကောင်းကင်မှကြယ်လေးတွေ
လင်းသည့်နှယ်လင်းလက်တောက်ပနေသည်။ကလေးသဘာဝသားကသူကြိုက်တဲ့
အစားအစာဆိုဘယ်သူကျွေးကျွေးစားမိ
လိမ့်မည်မှာအမှန်ပေ။ဒီတိုင်းလွှတ်ထားလို့
မရသေးဘူး။အစားပုတ်ကလေးအား
သေချာမှာရပေဦးမည်။