ဥတုစက်ဝန်းဟာစဥ်ဆက်မပြတ်လည်ပတ်
နေသော်လည်း ရင်ခုန်နှုန်းတွေဟာ
ရပ်တန့်ခဲ့လေပြီ။တဒိတ်ဒိတ်မြန်ဆန်နေသော နှလုံးခုန်သံတွေဟာချစ်ရသူအတွက်သာ
ဖြစ်တည်ခဲ့မှန်း ဂျောင်ဂုနားလည်လိုက်ရသည်။
သို့ပေမယ့် သူနောက်ကျသွားခဲ့ပါသည်။ပျောက်သောသူရှာရင်တွေ့ဆိုပေမယ့်
ထယ်ကပျောက်သွားတာမှမဟုတ်ဘဲ
သူ့ကိုစိတ်နာလို့သာပုန်းရှောင်သွားတာလေ။
သူသာထယ့်အချစ်ကိုအစောကြီးထဲက
နားလည်ခဲ့ရင်ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး။
သာယာတဲ့အိမ်ထောင်ရေးလေးနဲ့နှစ်ယောက်
စလုံးပျော်ရွှင်နေရမှာ။ထယ်ရော အရင်လို
သူ့အပေါ်ချစ်နေပါဦးမလားဆိုတာကို
သိချင်မိပါသည်။ထယ်မချစ်တော့လည်းကိုယ်က
ဆက်ချစ်ပေးမှာမလို့ မပုန်းရှောင်ပါနဲ့လား
အချစ်ရယ်။ကိုယ်မင်းကိုချစ်ကြောင်း
တွေလည်းတဖွဖွပြောတတ်နေပါပြီ။
အိပ်မက်တွေထဲမှာ မင်းပါဝင်ကြောင်းကိုသိရင်မင်းရော "အတူတူပါပဲ" လို့ပြန်ပြော
လောက်မလားထယ်။ပြတင်းတံခါးအားငိုင်ငိုင်ကြီးကြည့်၍
ရင်ဘတ်ထဲမှ Sweatherလေးအားပိုက်ကာ
ချစ်ရသူအားမျှော်နေမိသည်။ထယ်နဲ့ပတ်သက်
တဲ့အမှတ်တရဆိုလို့သူ့တွင်ဒါလေးတစ်ခုသာ
ကျန်ခဲ့သည်မဟုတ်လား။"သားဂျွန်..အပြင်လေးဘာလေး
ထွက်ပါဦးလားကွယ်""ကျွန်တော်ဘယ်မှသွားချင်စိတ်မရှိလို့ပါအမေ"
ဂျောင်ဂုဟာနေ့စဥ်နေ့တိုင်းကုမ္မဏီအလုပ်
တွေပြီးလျှင်အိမ်သို့ပြန်လာ၍
ထယ့်အခန်းလေးထဲမှာပဲ အနားယူတတ်သည်။
သူ့ရဲ့အားလပ်ချိန်အများစုကိုလည်း
ဒီအခန်းလေးထဲမှာပဲကုန်ဆုံးစေခဲ့သည်။
ထယ်ယောင်းပျောက်သွားချိန်မှစလို့
ဂျောင်ဂုဟာအမြဲလိုလိုတစ်ယောက်ထဲသာ
နေဖြစ်သည်။သူငယ်ချင်းတွေနဲ့လည်း
မတွေ့ဖြစ်တော့သလိုဟေဝန်းနဲ့ပါအဆက်သွယ်ဖြတ်ထားခဲ့သည်။ညတိုင်းအိပ်မက်ဆိုးတွေကြောင့်
အိပ်မရခဲ့ပေ။အိပ်ဆေးများ၏အကူအညီဖြင့်
သူ့ရဲ့ညတွေကိုမြန်မြန်ကုန်ဆုံးစေခဲ့သည်။အိပ်မက်တွေထဲမှာထယ်ဟာသူ့အား
သိပ်ပြုစားနိုင်လွန်းပါသည်။မရှိတော့မှ
တန်ဖိုးထားရကောင်းမှန်းသိတဲ့သူ့အတွက်
နောင်တဆိုတာကိုကောင်းကောင်းကြီး
နားလည်သွားရပြီ။ထယ်ဟာသူ့အား
သင်ခန်းစာတွေပေးပြီး ထားသွားခဲ့သည်လေ။