မနက်ခင်းနေရောင်ခပ်စူးစူးဟာ
ပြတင်းပေါက်မှတစ်ဆင့်မျက်နှာပေါ်သို့
ကျရောက်လာတော့ တစ်နေ့တာဝေယျာဝိစ္စ
တို့ကိုလုပ်ရန်အိပ်ရာပေါ်မှ ကုန်းရုန်းထလိုက်တော့သည်။မစားမှန်းသိလျက်နဲ့မနက်စာကို
နေ့တိုင်းပြင်ပေးမိသည်။ဂျွန်မနိုးခင် အိပ်မှုကိစ္စအားလုံးကိုသူထလုပ်ရသည်။ကားရေဆေးပြီးခြံထဲကအမှိုက်တွေကို
တံမြက်စည်းဖြင့်လှည်းထုတ်နေသည်။
ဤသည်မှာသူ့ရဲ့မနက်ခင်း ဝေယျာဝိစ္စ
များပင်ဖြစ်သည်။ဂျောင်ဂုတစ်ယောက်အိပ်ရာကနိုးနိုးချင်း
ကုတင်ပေါ်မှထကာ အလုပ်သွားရန်စတင်
ပြင်ဆင်လိုက်သည်။ညကထယ်ယောင်း
ဆေးလိမ်းပြီးနှိပ်ပေးထား၍သာ
ခေါင်းကြည်လင်စွာနဲ့နိုးလာခဲ့ခြင်းဖြစ်သည်။
မဟုတ်လျှင်သူတော့အိပ်ရာနိုးနိုးချင်း
ခေါင်းကိုက်နေရပေလိမ့်မည်။"နိုးပြီလားဂျွန် ခေါင်းကိုက်တာသက်သာရဲ့လား"
"အင်း သက်သာပါတယ်"
"ကျွန်တော်သံပုရာရည်ဖျော်ပေးရဦးမလား"
"ရတယ်..မဖျော်နဲ့တော့"
"ဒီတစ်ပတ် ကျွန်တော်စတော်ဘယ်ရီခြံ
သွားကြည့်ချင်လို့ အဲ့ဒါ...
သွားလို့ရတယ်မလားဟင်"ခွင့်တောင်းသလိုဟန်ဖြင့် မျက်လုံးလေးများ
ဝိုင်းစက်ကာပြောနေသည့်ထယ်ယောင်းပုံစံက
အပြစ်ကင်းတဲ့ကလေးတစ်ယောက်နှယ်
ချစ်စဖွယ်အမူအရာလေးတွေ
ထယ်ယောင်းမှာရှိတာပဲ။ရား....မင်းဘာတွေတွေးနေတာလဲဂျောင်ဂု
ထယ်ယောင်းကိုကလေးလို့မြင်လိုက်တာလား။
ပြီးတော့ချစ်ဖို့ကောင်းတယ်။ဘာလို့အဲ့လို
တွေးနေမိတာတုန်း။အခုချက်ချင်းအတွေးထဲက
ပြန်ထုတ် ထုတ်စမ်းဂျောင်ဂု"ထုတ်စမ်း"
"ဗျာ..ကျွန်တော်ဘာမှမယူထားပါဘူး"
အသံကြားမှ သူလည်းအသိဝင်လာရသည်။
ထယ်ယောင်းမှာတော့သူ့စကားကြောင့်
ပြာပြာသလဲလဲ ဘာမှမယူပါဘူးဟုဆိုကာ
အတင်းရှင်းပြနေသည်ကြောင့်ဂျောင်ဂု
တစ်ယောက်ရယ်ချင်သွားသည်။