မျက်နှာပေါ်သို့ရိုက်ခတ်လာသောအသက်ရှုသံ
ခပ်နွေးနွေးကြောင့်မျက်လုံးဖွင့်မိတော့.
ဂျွန်နဲ့သူကမျက်ချင်းဆိုင်အနေအထားဖြင့်
အိပ်ပျော်နေခဲ့ကြခြင်းဖြစ်သည်။ဂျွန်ကသူ့အားဖက်ကာခြေထောက်တွေနဲ့ခွထားသည်မို့
ထယ်ယောင်းအသက်ရှုရကျပ်လာသည်။သူလှုပ်လိုက်လျှင်ဂျွန်နိုးမှာသွားမှာစိုးတာကြောင့်
ငြိမ်ငြိမ်လေးနေရင်းဂျွန့်မျက်နှာအစိတ်အပိုင်း
တွေကိုသေချာငေးနေမိသည်။
မျက်ခုံးနက်နက်တွေရယ်မေးရိုးထင်းထင်း
ရယ်က ဂျွန့်ကိုပိုပြီးယောင်္ကျားပီသစေတယ်။
ထို့အတူနှုတ်ခမ်းအောက်ကမှဲ့နက်လေးက
သူအကြိုက်ဆုံးအစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။ဂျွန်ကယောင်္ကျားပီသကာချောမောလွန်းသူ
တစ်ယောက်မို့မိန်းကလေးတွေသဘောကျချင်စရာtypeမျိုးဆိုတော့သူ့မှာစိတ်မချရပါ။
ပိုင်ပေမယ့်မဆိုင်ရတဲ့လူမိူ့ ကျွန်တော့်မှာစိတ်မချတာတောင်ထုတ်ပြောခွင့်ရှိပါ့မလား။"ကျွန်တော်ဂျွန့်ကိုစိတ်မချဘူးဆိုတာသိရဲ့လား"
"အင်း..သိတယ်"
"ဗျာ..."
ထယ်ယောင်းမှာဂျောင်ဂုအိပ်နေသည်အထင်နဲ့
နှုတ်မှရောင်ရမ်း၍ပြောမိသွားခြင်းပင်ဖြစ်သည်။
ဒာကို..ဂျွန်ကနိုးနေခဲ့တာလား။
အား..တစ်ကယ်ပဲရှက်လိုက်တာ။"ဟို...ဟို..အဲ့ဒါဆိုကျွန်တော်သွားတော့မယ်နော်"
"ဘယ်ကိုသွားမှာလဲ"
"ရေ...ရေချိုးခန်း"
"လမ်းလျှောက်နိုင်လို့လား"
"လျှောက်...လျှောက်နိုက်ပါတယ်"
"အင်း..အဲ့ဒါဆိုသွားတော့လေ"
ဂျောင်ဂုသူ့ရှေ့ကအရှက်သည်းကာစကားတွေထစ်နေတဲ့ထယ်ယောင်းကိုစချင်တာကြောင့်
ကုတင်ပေါ်ကနေပြုံးပြုံးကြီးနဲ့ထယ်ယောင်း
လုပ်သမျှကိုကြည့်နေလိုက်သည်။* အာ့ *
"အီးဟီး...လမ်းလျှောက်လို့မရဘူး"
"ဘာလို့မရတာလဲ"
"နာတယ်"
"ဘယ်နားကနာတာလဲသေချာပြောလေ"
"အီးဟီး...ဂျွန်မကောင်းဘူး။ကျွန်တော်လမ်းမလျှောက်နိုင်ပါဘူးဆိုမှလှောင်နေတာမလား"