"ကားရေးဆေးတာ အဲ့လောက်ကြာရလား။
မင်း အလုပ်ကိုမြန်မြန်မလုပ်တတ်ဘူးလား
ကင်မ်ထယ်ယောင်း""ကျွန်တော်က မပြောင်မှာစိုးလို့ပါ။
ကားရေဆေးလို့မပြောင်ရင်လည်းဂျွန်က
စိတ်တိုဦးမှာမလား""မင်းငါ့ကိုပြန်ပြောနေတာလား။မင်းလုပ်တာမဟုတ်ရင်တော့ပြောရမှာပဲလေ။အဲ့ဒါကို
အထွန့်တက်ပြီးငါ့ကိုပြန်မပြောစမ်းနဲ့ ကြားလား""ဟုတ်ကဲ့ပါ ဂျွန်"
သူနဲ့ဂျွန်ဟာ မနက်တိုင်းအခုလိုဖြစ်ရစမြဲပေ။
အမှန်တိုင်းပြောရလျှင် ထယ်ယောင်းသည်
အိမ်အလုပ်များကိုတစ်ခါမှမလုပ်ဖူးပါ။
မိဘတွေနဲ့နေစဥ်ကတည်းက မေမေတို့ဟာ
သူ့ကိုထိုသို့မခိုင်းဖူးပါ။အိမ်ထောင်ကျပြီးမှသာလျှင်အိမ်အလုပ်တွေအပြင်
တစ်ခါတစ်လေဆိုဂျွန်က
ခြံရှင်းခိုင်းလျှင်ရှင်းပေးရတယ်။ထိုမျှမကခိုင်းတဲ့နေ့တွေလည်းရှိခဲ့ပါတယ်။
ပင်ပန်းလားဆိုလျှင်ပင်ပန်းပါတယ်။
ဒါပေမယ့်ဂျွန့်အနားမှာရှိနေရရင်ကိုပင်
သူပျော်တယ်။မေမေတို့ဆီမရောက်
ဖြစ်တာလည်းကြာလှပေါ့။လွမ်းတယ် မိသားစု၊သူငယ်ချင်းတွေနဲ့သူ့လွတ်လပ်ခွင့်တွေကို
လွမ်းတယ်။သို့ပေမယ့်ရုန်းမထွက်နိုင်တဲ့
သူကသာ ဂျွန့်ကိုချစ်တဲ့စိတ်တစ်ခုထဲနဲ့တင်
ကိုယ့်ကိုကိုယ်ချည်နှောင်နေမိတာ မဟုတ်လား။" ယောင်း...စျေးလာတာလား"
"ဟုတ်တယ်hyungကျွန်တော်လိုအပ်
တာလေးတွေလာဝယ်တာ။hyungရော
စျေးလာဝယ်တာပဲလား""hyungကအလုပ်ကိစ္စကြောင့်
mallကိုခဏလာတာ""သြော်.."
"ဒါနဲ့ယောင်းအချိန်ရလား။ကိုယ်နဲ့
ဆိုင်တစ်ဆိုင်သွားရအောင်လေ မတွေ့တာ
ကြာပြီဆိုတော့ကိုယ်ယောင်းနဲ့စကား
ပြောချင်လို့ပါ""အာ...ရပါတယ်"
ထယ်ယောင်းတို့လည်း mall အတွင်းက
ဆိုင်တစ်ဆိုင်မှာဝင်ထိုင်နေလိုက်ကြတယ်။
Bogum hyungနဲ့စကားပြောရတာ
ထယ်ယောင်းပျော်သည်။ငယ်ငယ်ထဲက
hyungကသူ့ကိုဆိုအလိုလိုက်ပေးရှာတယ်။"မုန့်စားနေတာလည်း နှုတ်ခမ်းတွေမှာ
အကုန်ပေကုန်ပြီ။ယောင်းကခုချိန်ထိ
ငယ်ကျင့်သေးတွေမပျောက်သေးဘူးပဲ"