Jungkook လည်းအိမ်ပြန်ရောက်တော့
ခြံပေါက်ဝမှာထယ်ယောင်းကိုမတွေ့တာကြောင့်"မင်းက ငါ့ကိုတောင်လာမကြိုတော့ဘူးလား။
ဒီအချိန်ငါ့ကိုလာစောင့်နေရမယ်ဆိုတာ
မသိတာလား"jungkookလည်းကိုယ့်အတွေးနဲ့ကိုယ်
အိမ်ထဲဝင်လာတော့ဧည့်ခန်းကဆိုဖာပေါ်မှာ
အဖွားနှင့်ထယ်ယောင်းအတူတူရုပ်ရှင်
ကြည့်နေကြခြင်းဖြစ်သည်။မင်းကအားကိုး
ရှိတော့ငါ့အမိန့်ကိုနာခံစရာမလိုဘူးဆိုတဲ့
အချိုးမျိုးလုပ်ပြနေတာလား။"Jeon..ပြန်လာပြီလား။အဖွားရောက်နေလို့
ကျွန်တော်ဂျွန့်ကိုလာမစောင့်တာပါနော်""အင်း.."
ထယ်ယောင်းဘက်ကအဲ့လိုလေးပြောပြ
လာတော့လည်းသူ့ဘက်ကအတွေးတွေကိပြန်ရုတ်သိမ်းကာအပေါ်တက်မယ်ကြံတော့"အဲ့ဒါဆိုဂျွန် ရေချိုးနှင့်လိုက်လေ။
ပြီးရင်ထမင်းအတူစားရအောင်နော်"ထို့နောက်ထယ်ယောင်းကjungkook
နားကပ်လာကာ တိုးတိုးလေးကြားရုံမျှပြောသည်။"ဂျွန်...အဖွားကဒီမှာတစ်ပတ်လောက်
နေမယ်ပြောတယ်""ဘယ်လို..."
"ဟဲ့...ဟိုနှစ်ယောက်ဘာရပ်လုပ်နေတာလဲ။
jungkookလည်းရေသွားချိုးတော့လေ""ဟုတ်..အဖွား"
အဖွားကသူတို့အိမ်မှာတစ်ပတ်လောက်
နေမည်တဲ့လား။ထယ်ယောင်းနဲ့သူရဲ့
ဆက်ဆံရေးကိုအဖွားသိရင်ဆူဦးမယ်။
အဲ့ထက်ဆိုးတဲ့အခြေနေတောင်ရောက်သွား
နိုင်ပါတယ်။အိမ်ပြန်နောက်ကျတာတွေ၊
အိမ်ထမင်း၊ဟင်းပြန်မစားတာတွေ၊နောက်ပြီးထယ်ယောင်းကိုအိမ်အလုပ်ခိုင်းတာတွေအဖွားသာသိရင်ပြသနာအကြီးကြီးတက်ပြီ။" Jungkook ရေတစ်ပတ်လောက်တော့
သည်းခံလိုက်ဦးပေါ့်"စိတ်ရှုပ်စွာပင်အဝတ်များအားချွတ်ကာ
ရေချိုးခန်းထဲသို့ဝင်လိုက်သည်။
ခေါင်းထဲမှာတော့အဖွားရှေ့မှာဘယ်လို
နေပြရမလဲပဲတွေးနေသည်။"ထယ်ယောင်းလေး...Jungkookရေချိုးတာလည်းကြာလိုက်တာကွယ်။
သွားခေါ်လိုက်ပါဦး"