"လာပါကွာ။ဦးမင်းကိုတစ်ခါလောက်ချီချင်လို့"
"အဲ့ဒါဆိုဘာပေးမှာလဲ"
"မုန့်ကျွေးမယ်ကွာ"
"တစ်ခါပဲနော်"
လက်ညိုးတစ်ချောင်းထောင်ပြကာ နှုတ်ခမ်း
ဆူကာပြောနေသည့်၄နှစ်သားက
စကားမပီကလာ ပီကလာဖြင့်။ဂျောင်ဂုကခေါင်းငြိမ့်ပြတော့သူ့အနားကို
လျှောက်လာတဲ့၄နှစ်သားကိုကောက်ချီ
လိုက်သည်။ခန္ဓာကိုယ်လေးဟာနစ်ကနဲပဲ။
ဘာတွေစားလို့ဒီလောက်ထွားနေသလဲမသိပါ။
ဂျောင်ဂုတစ်ခါမှကလေးတစ်ယောက်ကို
မချီခဲ့ဖူးဘူး။ထယ်ရောဒီ၄နှစ်သားကိုခဏခဏ
ချီနေရတာလား။ဒါဆိုရင်ဖြင့်သူ့ရဲ့ထယ်တော့ပင်ပန်းနေတော့မယ်။"မင်းကိုယ်လေးကလည်းနစ်ကနဲပဲကွာ။
ဘာတွေစားလို့ဒီလောက်ထွားနေရတာလဲ""Banana milkသောက်လို့ပေါ့ဗျ"
ဂျောင်ဂုငယ်ငယ်ကနှင့်အကြိုက်တူစွာပင်
၄နှစ်သားကလည်း Banana milk
သောက်သည်တဲ့လေ။ဒါပေမယ့်သူ့တုန်းကတော့
ဒီလောက်မထွားပါဘူး။၄နှစ်သားကအစား
တွေဘယ်လောက်စားမှန်းမသိ။ခန္ဓာကိုယ်က
ပြည့်ပြည့်လေးဖြင့်ဝဝကစ်ကစ်မဟုတ်သည့်
တိုင်ချီလိုက်လျှင်တော့ နစ်ကနဲပါလာသည်။"ဟုတ်လား..ဦးငယ်ငယ်ကလည်းသောက်တယ်။
မင်းနဲ့ဦးကအကြိုက်တူတာပေါ့။အဲ့တော့
ဦးတို့တွေသူငယ်ချင်းလုပ်ကြမလား""အိုခေလေ"
လက်မနဲ့လက်ညိုးထိပ်ကလေးကိုဖိကာအိုကေ
ပုံသဏ္ဌန်လုပ်ပြနေသော ထိုကလေးကိုကြည့်ရင်း
သူ့မှာအသည်းတယားယား။ထိုကလေး
ရယ်လိုက်တော့မှပါးချိုင့်ကလေးနှစ်ဘက်ကပေါ်လာသည်။ဒါဟာသူ့အမေဆီကအမွေရတာ
ပဲလို့ဂျောင်ဂုထင်လိုက်သည်။ထယ်ကသူ့သားကိုသည်းသည်းလှုပ်တာလည်း
မပြောနဲ့လေ။ဒီ၄နှစ်သားကလူလည်ကျပြီး
လည်လွန်းတတ်လွန်းသည့်လူကြီးပေါက်စကို။
သူတောင်ဒီပေါက်စကိုခဏလေးအတွင်း
သံယောဇဥ်တွယ်နေပြီ။"ဒီနေ့ကစပြီးဦးတို့သူငယ်ချင်းဖြစ်သွားပြီနော်"
"ဒါပေါ့...သူငယ်ချင်းဦးဦးရဲ့"