Chapter -13

903 60 2
                                    

မနက်ခင်းအိပ်ရာနိုးတော့ ဂျောင်ဂုလည်း
အလုပ်သွားရန်အောက်ထပ်သို့ဆင်းလာတော့
မနက်စာစားဝိုင်းမှာထုံးစံအတိုင်းထယ်ယောင်းက
သူ့အတွက်ပါပြင်ပေးထားသည်။စားမယ်ဟန်ပြင်ကာထိုင်နေသော်လည်း ထယ်ယောင်းကတော့
သူ့ဘေးကနေမတ်တပ်ရပ်ကြီးနေသည့မို့
ချောင်းတစ်ချက်ဟန့်ကာ

"အဟွန့်...ဘာရပ်လုပ်နေတာလဲ။
ကော်ဖီထည့်ပေးလေ"

"သြော်..ဟုတ်...ဟုတ်"

"ကြောင်တောင်တောင်နဲ့"

ဂျောင်ဂုစားနေသည်ကိုဘေးကနေပြုံးစိစိကြီးနဲ့
ရပ်ကြည့်နေသည့်ထယ်ယောင်းကြောင့်
တစ်ချက်ဟောက်လိုက်သည်။

"ဘာကြည့်နေတာလဲ...မင်းရောမစားဘူးလား။
ငါ့ကိုပဲရပ်ကြည့်နေလို့ဗိုက်ပြည့်မှာမဟုတ်ဘူး။
တစ်ခါထဲဝင်စား"

"ဟီး..ဟီး..ဂျွန်မကြိုက်မှာစိုးလို့"

"စားစရာရှိတာစား"

"ဟုတ်ကဲ့"

ထယ်ယောင်းလည်းဂျွန်က တစ်ခါမှသူပြင်ပေးထားတဲ့မနက်စာကိုမစားတာကြောင့်
အံ့သြသွားရသည်။ထို့အပြင်သူနဲ့ပါအတူတူ
စားနေတာကြောင့်ထယ်ယောင်းတစ်ယောက်အပျော်ကြီးပျော်နေတော့သည်။ ဒါကဂျွန်
သူပြင်ပေးတဲ့မနက်စာကိုပထမဆုံးအကြိမ်
စားခြင်းဖြစ်သည်။

တီ...တီ...

"ကားဟွန်းတီးသံကြားတယ်..ကျွန်တော်ခြံတံခါး
သွားဖွင့်ပေးလိုက်ဦးမယ်"

"နေ..နေ..အကိုလေး လီယောင်းပဲ
သွားဖွင့်ပေးလိုက်မယ်"

အိမ်ထဲသို့luggageကြီးဆွဲကာဝင်လာသော
မေမေနဲ့ဖွားဖွားကြောင့်ထယ်ယောင်းရော
ဂျောင်ဂုပါ နင်သွားရသည်။အထုတ်ကြီးဆွဲ
လာပုံထောက်ရင်သူတို့ဆီမှာအပြီးနေမှာတော့
မဟုတ်လောက်ဘူးမလား။

"အမေနဲ့အဖွား အိမ်ပေါ်က
ဆင်းလာကြတာလား"

"အိမ်ပေါ်ကဆင်းလာတာမဟုတ်ဘူး။
နင်တို့ဆီမှာ လာနေမလို့။တစ်ခါထဲ
အထုပ်ဆွဲပြီးလာခဲ့တာ"

"အဖွားတို့ကဘာလာလုပ်တာလဲဗျာ။
ကိုယ့်အိမ်နဲ့ကိုယ်မနေဘူး။သူများ
အိမ်မှာဘာလာလုပ်မှာလဲ"

What's wrong with us(Ongoing)Where stories live. Discover now