"Hello..ဘယ်သူလဲ"
အိပ်နေရင်းနဲ့မှ ဖုန်းလာတာကြောင့်ကောက်
ကိုင်လိုက်သည်။"ဟေဝန်းပါ အိုပါးရဲ့။မနိုးသေးဘူးလား။
ထတော့လေ။ဒီနေ့လိုက်ပို့ပေးမယ်ဆို...
မေ့နေတာလား..ပြော""အာ..ဟုတ်သားပဲ။မမေ့ပါဘူး ကိုယ်
လိုက်ပို့ပါ့မယ်။ညကအိပ်ရာဝင်တာ
နောက်ကျသွားလို့။အခုထပြီနော်""ပြီးရော..ဟေဝန်းအခုအိုပါးအိမ်ကိုလာခဲ့မယ်
ဒါပဲနော်အိုပါး..ဖုန်းချလိုက်တော့မယ်"ဂျောင်ဂုလည်းဟေဝန်းလာမည်ဆိုတာကြောင့်
ရေချိုးခန်းထဲဝင်ကာရေအမြန်ချိုးရသည်။
မလာနဲ့ပြောလို့ကလည်းမရ ဟိုကသူပြောလို့ပြီးတဲ့အထိတောင်မစောင့်ပဲ ဖုန်းချသွားသည်မို့
အခက်တွေ့နေရသည်။ထယ်ယောင်းမြင်ရင်
ဘာပြောမလဲ။သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို
ထယ်ယောင်းကပြသနာရှာရင်ရော???
ဘာပဲဖြစ်ဖြစ်ထယ်ယောင်းကအဲ့လောက်ထိ
လုပ်မယ့်သူမျိုးတော့မဟုတ်ပင်။သူ့ဘက်က
မကျေနပ်လို့ ပြသနာရှာလည်းဘာဖြစ်လဲ။
ဂျောင်ဂုတို့က ကွာပေးလိုက်မှာပေါ့။
ဟက်..ဒီလိုဆိုပိုတောင်ကောင်းသေးတယ်။အဝတ်စားရွေးကာ ဆံပင်ကိုအနောက်သို့
လှန်တင်ထားသည်။မှန်ထဲတွင်ကိုယ့်ကိုကိုယ်
ကြည့်လိုက်တော့အနက်ရောင်Shitခါးအရှည်
တစ်ထည်ကိုအောက်မှအဖြူရောင်အင်္ကျီနဲ့တွဲဖက်ဝတ်ဆင်ကာnecktieကိုခပ်ရှည်ရှည်ချည်ထား၍
Style pantအနက်ရောင်နဲ့တွဲဖက်ဝတ်ဆင်ထားသည့်သူ့ပုံစံကအရမ်းကိုမှကြည့်ကောင်းပါသည်။
ခါတိုင်းမြင်နေကြ ပုံစံနှင့်မတူဘဲ
လူငယ်ဆန်စွာကြည့်ကောင်းလှပါသည်။"ငါဒီလောက်ချောတာကို ထယ်ယောင်းမြင်ရင်
အံသြသွားလောက်မှာ။အမြင်မရှိတဲ့မင်းကမှ
တစ်ကယ့်အဘိုးကြီး"ညကသူ့အားအဘိုးကြီးလို့ပြောသွားသော
ထယ်ယောင်းကြောင့် အမြင်မကြည်ပါ။
ကိုယ်ချောကြောင်း ခန့်ကြောင်းကိုသူသိအောင်
ကြွားပစ်လိုက်ဦးမည်။ယောင်္ကျားအချင်းချင်း
ဖြစ်လျက်နဲ့တောင်မင်းကြွေရတဲ့ ငါ့ရုပ်ရည်က
ချောလို့မလား။ခဏကြာတော့အောက်ထပ်တွင်ကားဟွန်းတီးသံကြားရသည်။ဂျောင်ဂုလည်းအောက်ထပ်
ဆင်းတော့ထယ်ယောင်းက ခြံတံခါးသွားဖွင့်ပေးတာကြောင့်သူလည်းထိုင်စောင့်နေလိုက်သည်။