အပိုင်း - ၈

3.4K 280 4
                                    

မမနွယ်သည် မနက်တိုင်းဘုန်းကြီးကျောင်းသို့သွားကာ
ဆွမ်းချိုင့်ပို့တတ်ပြီး တံမြက်စည်းလှည်းရင်လှည်း
ဘုရားပန်းလဲရင်လဲ တစ်ခုမဟုတ်တစ်ခုလုပ်ကာ
အချိန်ကုန်နေတတ်သည်။ ဒါကိုသိသွားတဲ့ ခင်ခင်ပျိူသည် မနက်တိုင်းဘဘုန်းကြီးကို‌ရှောင်ကာ ဘုန်းကြီးကျောင်းသို့လာ၍ မမနွယ်အနားရှိနေတတ်သည်။

ဘဘုန်းကြီးမှာ‌ခင်ခင်ပျိုအားမကြည်သေးသဖြင့်
ဖေဖေတို့မှာခွင့်ယူထားပေးတာကြောင့် ခင်ခင်ပျို
သိပ်အားနေသည်။

မမနွယ်ဆီသွားရင်းနဲ့လမ်းမှာ သူရဲကောင်း၀င်လုပ်ခဲ့သေးသည်။ ဥက္ကာကိုတွေ့သည် ဥက္ကာသည် ဦး၀ဏ္ဏ၏သားဖြစ်သည် ခင်ခင်ပျိုထက်ငါးနှစ်ခန့်ကြီးသည် ဦး၀ဏ္ဏတွင်သားနှစ်ယောက်ရှိသည်။ အငယ်တစ်ယောက်ဖြစ်တဲ့
နေလင်းကိုတော့ မွေးစားထားခြင်းဖြစ်ပြီး ခင်ခင်ပျိုထက် တစ်နှစ်ကြီးသည်။

သူရဲကောင်း၀င်လုပ်တယ်ဆိုတာက ဒီလို ဥက္ကာက
နေလင်းကို မွေးစားသားဆိုပြီး သိပ်အနိုင်ကျင့်သည်။
နေလင်းတစ်‌ယောက်တည်းကိုပဲအနိုင်ကျင့်တာမဟုတ် ဥက္ကာက အနိုင်ကျင့်လို့ရသူမှန်သမျှကို အနိုင်ကျင့်သည်။ ထိုသို့မဖြစ်ချင်လျှင် သူခိုင်းသမျှလုပ်ပေးရသည့်
ခိုင်းဖက်အဖြစ်နေရသည်။

ခင်ခင်ပျိုနှင့်ဥက္ကာတို့အုပ်စုဟူ၍ ရွာထဲရှိကလေးများမှာ
အဖွဲ့နှစ်ဖွဲ့ကွဲနေလေသည်။ နေလင်းကတော့ ခင်ခင်ပျို့သူငယ်ချင်းဆိုပေမယ့် ဥက္ကာကအပိုင်စီးထားလေသည်။
မလွန်ဆန်ရဲသည့် နေလင်းက ဥက္ကာအနိုင်ကျင့်သမျှကိုသာသည်းခံနေရသည်။

အခုလည်း နေလင်းမှာခွေးသိပ်ကြောက်မှန်းသိသိရက်နဲ့
ဥက္ကာမှာသူ့အိမ်မွေးခွေးနှင့်ခြောက်လေသည်။
ကြောက်လွန်းတဲ့နေလင်းကတော့ သစ်ပင်ပေါ်တွင်သာ ထိုင်ငိုနေလေသည်။

မကြည့်ရက်တော့သည့်ခင်ခင်ပျိုမှာ လွယ်အိတ်ထဲမှ
အသင့်ပါလာတဲ့ လေးခွနှင့်လောက်စာလုံးကိုထုတ်ရင်း
သခင်အားကိုးနဲ့ တ၀ုတ်၀ုတ်နှင့် ဟောင်နေသော ခွေးကို
ချိန်လိုက်သည်။

ခင်ခင်ပျိုပစ်ချက်မှာမလွဲချေ ထိုခွေးမှာ တအင့်အင့်အော်၍ အ‌ေ၀းသို့ပြေးသွားလေပြီဖြစ်သည်။

ခင်ခင်ပျိုရေ မမုန်းလိုက်နဲ့Where stories live. Discover now