"တို့မပြန်သေးဘူး"
"အဟွတ် ဟွတ်"
တိတ်ဆိတ်နေပြန်တဲ့မနက်ခင်းထမင်းစားဝိုင်းမှာ ရုတ်တရက်ကြီးပြောချလာတဲ့ မမရေချယ်ရဲ့စကားကြောင့် အနားကခင်ခင်ပျိုတစ်ယောက် ကော်ဖီသီးလေသည်။
နွယ်ကတော့ ရေချယ်ကိုမကြည်ကြည့် ကြည့်ရင်း
လက်ကိုင်ပဝါကိုင်ကာ ပေရေနေတဲ့ခင်ခင်ပျို့နှုတ်ခမ်းကို
သုတ်ပေးလေသည်။ခင်ခင်ပျိုမှာတော့ အခုရက်ပိုင်းမမနွယ်ရဲ့ဂရုစိုက်မှုကိုအခွင့်ထူးခံလူတန်းစားတစ်ယောက်လိုမျိုး ကျေကျေနပ်နပ်ခံယူလေသည်။
"ဒီအကြောင်းကိုမနေ့ကပြောပြီးပြီထင်တယ်"
"ဒီနေ့ ထပ်ပြောတယ်မဟုတ်လား"
နွယ်တစ်ယောက် မနိုင်သည့်ရေချယ်ကိုအဖတ်လုပ်ပြီး
စကားနိုင်လုဖို့စိတ်ကူးမရှိချေ။ နွယ်လက်ခံနိုင်သရွေ့တော့ ရေချယ့်အလိုကျပင်။"နွယ် တို့ကားလိုလို့ ငှားပါ"
နွယ်သည် ဘာမျှမငြင်း စားပွဲပေါ်က ကားသော့ကို ရေချယ့်လက်ထဲထည့်ပေးရန်ပြင်သည်။
မမရေချယ်ကိုအလိုမလိုက်နိုင်သည့် ခင်ခင်ပျိုကတော့
မမရေချယ်လက်ထဲရောက်ခါနီးသော့ကိုကြားမှဖြတ်ယူသည်။"မမနွယ်ကျောင်းသွားဖို့လိုပါတယ်"
"တို့လိုက်ပို့ပေးပါ့မယ် အရင်တုန်းကလည်းကြိုပို့နေကျပဲ"
ခင်ခင်ပျိုတစ်ယောက် လက်ထဲမှသော့ကိုလုယူခံလိုက်ရပြီး ဒေါသဖြင့်သာ ကျောင်းသို့သွားရန်ပြင်ရတော့သည်။
တစ်မနက်လုံးအလိုမကျဖြစ်စရာများဖြင့်သာကြုံရသည့်
ခင်ခင်ပျိုသည် ကျောင်းတွင်တော့ အတော့်ကိုစိတ်ချမ်းသာစရာများကြုံရလေသည်။ခင်ခင်ပျိုတို့ကိုစာသင်သည့်ဆရာမမအားသဖြင့် မမနွယ်သည် ခင်ခင်ပျိုတို့အခန်းကို အစားထိုးဆရာမအဖြစ်ရောက်လာသည်မဟုတ်လား။
ဒါဟာ ဝမ်းသာစရာပင် မမနွယ်ရဲ့စာသင်သည့်ပုံစံကို
ခင်ခင်ပျိုတစ်ယောက်သဘောကျစွာငေးရင်း စာသင်ရသည်ကိုဘဝတွင်ပထမဆုံးသဘောကျနေသည်။
ESTÁS LEYENDO
ခင်ခင်ပျိုရေ မမုန်းလိုက်နဲ့