အပိုင်း - ၁၇

3K 262 4
                                    

"ဟား ဟား ဟား ဟား သူငယ်ချင်းကောင်းတဲ့လား
အချစ်ဆုံးသူငယ်ချင်းတဲ့လား ဟွန့်"

"ရိပ်စုတ် အဲ့လောက်တောင်မခွဲနိုင်ရင်လည်း
မြန်မြန်ယူလိုက်ပေတော့"

ခင်ခင်ပျိုတစ်ယောက် လမ်းတစ်လျှောက်
ကျောက်တုံးများကိုကန်ကျောက်ရင်း ဒေါသများကိုဖြေလျှော့လေသည်။

အလယ်တန်းကတည်းကအမြဲတတွဲတွဲပေါင်းလာတဲ့
သူငယ်ချင်းက ရည်းစားရသွားတော့
အချိန်မပေးနိုင်တော့သည်က ဒီလောက်ထိ
ဒေါသထွက်ချင်စရာကောင်းမယ်မှန်း ခင်ခင်ပျို
ကြိုမသိခဲ့ချေ။

တီးးး

"အမေ့ရေ"

လမ်းဘေးကပ်သွားနေပါရက်နဲ့
ဟွန်းတီးလာတဲ့ကားကြောင့် ခင်ခင်ပျိုမှာယောင်ပြီး
မြောင်းထဲခုန်ချမိတော့မတတ်။

မပြေသေးတဲ့ဒေါသကိုထပ်ဆွလိုက်တဲ့ကားပိုင်ရှင်ကို
ကြည့်မိတော့ မမနွယ်ဖြစ်နေသည်။

"တစ်ယောက်တည်းလား ခင်ခင်ပျို"

ကျုပ်ဘေးမှာဘယ်နှစ်ယောက်များရှိသလဲ မမနွယ်

ခင်ခင်ပျိုသည် ထွက်ခွာသွားသည့်ရိပ်နှင့်သူ့ကောင်လေးရဲ့ ကျောပြင်ကိုပြန်မြင်ယောင်ရင်း သက်ပြင်းကိုချမိလေသည်။

"ကျုပ်သူငယ်ချင်းကလင်နောက်တကောက်ကောက်ပါသွားလို့ မမနွယ်"

အမြဲတတွဲတွဲရှိနေတဲ့သူငယ်ချင်းမရှိတော့ တစ်ယောက်တည်းဖြစ်နေသည့် ခင်ခင်ပျိုကိုကြည့်ရင်း
နွယ်မှာအနည်းငယ်တော့တွေဝေပေမယ့်

"မမနွယ်နဲ့လိုက်ခဲ့မလား"

"လိုက်ခဲ့ပါမယ်"

အမြန်ပင်ကားပေါ်သို့ပြေးတက်လာသည့်
ခင်ခင်ပျိုကြောင့် နွယ်မှာပြုံးမိသည်။

ဟန်ဆောင်ပန်ဆောင်လေးတောင်မငြင်းတတ်တာ
ခင်ခင်ပျိုရဲ့ကောင်းတဲ့အချက်လား ဆိုးသည့်အချက်လား
မသိတော့ချေ။

"နေမကောင်းဘူးလား မမနွယ်"

ကားမောင်းနေတဲ့မမနွယ်ကိုကြည့်မိတော့ချွေးများ
ထွက်နေကာ အသားရေကလည်းအနည်းငယ်
ဖျော့နေသည့်အတွက် ခင်ခင်ပျိုမှာစိတ်ပူရပြန်သည်။

ခင်ခင်ပျိုရေ မမုန်းလိုက်နဲ့Tempat cerita menjadi hidup. Temukan sekarang