အပိုင်း - ၃၂

2.3K 213 7
                                    

လွန်ခဲ့သော နှစ်ပတ်

ကျောင်းပိတ်ရက်ဖြစ်သည့်အတွက်ခင်ခင်ပျိုသည်ပွဲရုံသို့
မသွားမီ တစ်အိမ်လုံးအနှံ့မမနွယ်အား လိုက်လို့ရှာသည်။ နှင်းဆီပန်းတွေအနားမှာရှိနေတဲ့မမနွယ်ကို ခင်ခင်ပျိုသည်သဘောကျစွာငေးကြည့်မိသည်။

ခင်ခင်ပျိုအတွက် မမနွယ်သည် နှလုံးသားကိုတစ်စတစ်စနဲ့ရစ်ပတ်တဲ့နွယ်ဖြစ်ပြီး ခင်ခင်ပျို၏နှင်းဆီပန်းလေးတွေအတွက်တော့ မမနွယ်သည် လိပ်ပြာကလေးဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ခင်ခင်ပျိုဟာ ဘယ်ကိုမှထွက်မသွားပဲ
မမနွယ်၏ရစ်ပတ်ခြင်းကို လိုလိုလားလားခံယူမည်ဖြစ်သည်။

"မမနွယ် အနားလာပါအုံး နှစ်ကိုယ်ကြားပြောစရာလေးရှိလို့"

"ဘာပြောမလို့လဲ"

မမနွယ်သည် သိပ်ပြီးရဲတင်းလှသည့်ခင်ခင်ပျိုသည် တစ်ခုခုဆို အပြောနှင့်အလုပ်မညီလှသဖြင့် သိပ်ပြီးမယုံရဲချေ။

"အနားလာပါ မမနွယ် ကျုပ် ကိုက်မစားပါဘူး"

ပြုံးစစနဲ့ကြည့်နေတဲ့ ခင်ခင်ပျို၏အကြည့်က နွယ့်ရင်ကိုအတော်ကလိကလိဖြစ်စေသည်။
မမနွယ်သည် အင်တင်တင်ဖြင့် ‌အနားသို့လာနေပေမယ့်
စိတ်မြန်လက်မြန်ရှိလှသည့် ခင်ခင်ပျိုကတော့ နွယ့်လက်ကိုဆွဲလိုက်ပြီး ရင်ခွင်ထဲရောက်ခါနီးမှာ နွယ့်ပါးတစ်ဖက်ကိုနမ်းလိုက်သည်။

"အို ခင်ခင်ပျို ရှင် ..."

စကားပြောခွင့်ပင်မပေးပဲခင်ခင်ပျိုသည် နွယ့်ခါးကို
လက်နှစ်ဖက်ဖြင့်ဖက်တွယ်ကာကိုယ်ကိုဆွဲကပ်ပြီး
နွယ့်နှုတ်ခမ်းကိုငတ်မွတ်စွာနမ်းရှိုက်လာပြန်သည်။
ဘယ်လိုပင်ရုန်းနေပါစေခွန်အားချင်းမမျှလှသည့်အခါ
ခင်ခင်ပျို၏အနမ်းများကြားမှာ နွယ်ကျရှုံးသွားရတာပါပဲ။

နွယ့်နှုတ်ခမ်းကိုကျွမ်းကျွမ်းကျင်ကျင်နှင့်အချိန်အတော်ကြာနမ်းရှိုက်နေသည့်ခင်ခင်ပျိုသည် နွယ်အသက်ရှူရခက်ကာ ရင်ဘတ်ကိုတွန်းဖယ်လိုက်သည့်အခါမှအသာတကြည်လွှတ်ပေးပြီးသည်နှင့် အသားယူခြင်းပြီးဆုံးသွားသည်ဟုထင်လျှင်မှားမည်။

ခင်ခင်ပျိုရေ မမုန်းလိုက်နဲ့Donde viven las historias. Descúbrelo ahora