မနက်ခင်းထမင်းစား၀ိုင်းတွင်မျက်နှာချင်းဆိုင်တွင်
ရှိနေသော မောင်ခင်နှစ်ယောက်ရဲ့အကြည့်တွေက
စူးရှလှသည်။ မမေ၀မှာတော့ ထိုကလေးနှစ်ယောက်ရဲ့ထမင်းပန်းကန်ထဲသို့ ဟင်းများကိုထည့်ပေးလေသည်။
သို့ပေမယ့် ထိုနှစ်ယောက်မှာတော့ ပြဿနာကိုဖြေရှင်းပြီးသေးပုံမရပဲ အကြည့်ချင်းဆုံနေဆဲ ဆုံနေမြဲဖြစ်ပေသည်။"မောင်ရယ်ဘာလို့ ကလေးနဲ့ပြိုင်ပြီး ဆိုးနေရသလဲ"
မမေ၀ရဲ့စကားအဆုံးတွင် မောင်ခင်ရဲ့အကြည့်တို့က မမေ၀ထံသို့ရောက်လာကာ
"မမဝေ အခုက ဘယ်သူ့ဘက်လဲ"
အခုမှမရပ်ရင် မောင်ခင်တစ်ချိန်လုံးရစ်တော့မှာဖြစ်သည်။ အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ မမေ၀ကမရစ်ရပဲ မောင်ခင်ကသာ ရစ်ခြင်းဖြစ်ပေသည်။ ကျန်တဲ့မေးခွန်းတွေတော့မမေ၀မှာ တွေေ၀ခြင်းမရှိ မောင်ခင်အလိုကျဖြေပေးနိုင်ပေမယ့်
ဒီမေးခွန်းအတွက်က ဒီလိုအချိန်တွင် ဒီလို အဖေနှင့်သမီးအတူရှိသည့်အချိန်မျိုးတွင်သိပ်ကိုခက်ခဲလှသည်။အခုလည်း ခင်ခင်ပျိုရဲ့အကြည့်ကလည်းမမေ၀ထံသို့ရောက်လာပြီဖြစ်သည်။ မနက်စောစောစီးစီး
ထမင်း၀ိုင်းမှာ ထိုင်ရင်း မမေ၀တစ်ယောက် ချွေးများထွက်လို့နေသည်။"ဘယ်သူ့ဘက်မှမဟုတ်ပါဘူးကွယ် မမဝေတားခဲ့သားပဲ
မောင်ပဲ ကလေးနဲ့ပြိုင်ပြီးကစားချင်တာ မဟုတ်ပေဘူးလား""ပြီးတော့ အဲ့တုန်းက မမဝေကို မျက်မြင်သက်သေအနေနဲ့
ရှိနေခိုင်းခဲ့တာမဟုတ်လား"မေးခွန်းကိုလှည့်ပတ်ပြီးအန္တရာယ်အကင်းဆုံးဖြေပေးခဲ့သော်လည်း ထိုအဖြေက မထင်မှတ်ပဲ ခင်ခင်ပျိုအတွက်
ဖြေပေးသလိုဖြစ်သွားလေသည်။ မမေ၀ရဲ့အဖြေအဆုံးတွင် ခင်ခင်ပျိုမှာ ၀မ်းသာအားရဖြင့် အဖေဖြစ်သူအားနှိပ်ကွပ်လေတော့သည်။"အဘရှုံးသွားတယ်လေ"
"ငါသိတယ် ခင်ခင်ပျို ပါးစပ်ပိတ်ထားစမ်း"
ခင်ခင်ပျိုမှာတော့ပါးစပ်ပိတ်မည့်အစား
အထိမခံလွန်းသည့် အဖေဖြစ်သူအားပို၍စချင်လာကာ မေးစေ့ကိုပွတ်ရင်းဆရာကြီးစတိုင်ဖမ်းကာ
ESTÁS LEYENDO
ခင်ခင်ပျိုရေ မမုန်းလိုက်နဲ့