ဒီရက်တွေထဲမှာ ခင်ခင်ပျိုဟာ မမနွယ်ကိုအတော့်ကိုရှောင်ဖယ်နေခဲ့တာပဲ။ ဘယ်လိုပဲရှောင်ဖယ်ရှောင်ဖယ်
မမနွယ်ရဲ့သတင်းတွေတော့အမြဲကြားပါတယ်။အကိုဟန်သာနဲ့အမြဲတတွဲတွဲရှိနေတယ်ဆိုတဲ့အကြောင်းတွေ
မမနွယ်နဲ့အကိုဟန်သာဟာ သိပ်ကိုလိုက်ဖက်ကြတယ်ဆိုပြီးလူအများကအားကျပြောဆိုကြတဲ့စကားတွေ
လွန်ခဲ့တဲ့ခုနှစ်နှစ်ကအကိုဟန်သာနဲ့မစေ့စပ်နိုင်ဘူးဆိုတဲ့
မမနွယ်ရဲ့စကားကြောင့် မြေးအဖြစ်ကစွန့်လွှတ်လိုက်တဲ့
အဖိုးအဖွားက အခုကျတော့လည်း မိသားစုဂုဏ်ကိုမြှင့်ပေးလို့ မမနွယ်ကိုသိပ်ပြီးအလေးပေးကြတယ်ဆိုတာတွေမမနွယ်ဟာပြင်သစ်ကနာမည်ကြီးတက္ကသိုလ်ကနေကမ်းလှမ်းလာတဲ့အလုပ်ကိုလက်ခံလိုက်ပြီး လက်ထပ်ပြီးတာနဲ့ပြင်သစ်မှာအလုပ်ဆက်လုပ်မယ်ဆိုတာတွေ
အကိုဟန်သာကလည်း မမနွယ်ရဲ့အလိုကျအတိုင်းလက်ခံပေးတာကြောင့် မမနွယ်ဟာသိပ်ကိုအချစ်ခံရတာပဲဆိုတဲ့စကားလုံးတွေကို ခင်ခင်ပျိုနားနဲ့မဆံ့အောင်ကြားရပါတယ်။
မမနွယ်ဘဝဟာခင်ခင်ပျိုမရှိတာနဲ့ဘဝတက်လမ်းတွေ
အများကြီးနဲ့ပြည့်နှက်နေတာပါပဲ ဒါကြောင့်လည်းခင်ခင်ပျိုဟာ မမနွယ်နဲ့ဘယ်လိုမှမလိုက်ဖက်ဘူးဆိုတဲ့ ဒီအဖြစ်မှန်ကို အပြည့်အဝလက်ခံပြီးသားဖြစ်သည်။ပျော်ရွှင်မှုတွေလုံးဝမရှိတော့ပဲအေးစက်လှသည့်အိမ်ကြီးထဲသို့လေးပင်တဲ့ခြေလှမ်းတွေနဲ့ခင်ခင်ပျိုသည်လှမ်းသည်။ ဧည့်ခန်းထဲမှာရှိနေတာက မမနွယ်အပြင် ခင်ခင်ပျိုကိုကြည့်ပြီးပြုံးပြနေသည့် အချိန်ကြာကြီးပျောက်ထွက်သွားတဲ့ ဖွားဖွားကိုပါမြင်ရသည်။ ခင်ခင်ပျိုသည်ဝမ်းနည်းဝမ်းသာခံစားချက်များဖြင့် ဖွားဖွားရှိရာသို့အပြေးသွားကာဖက်တွယ်လေတော့သည်။
"ဖွားဖွား ဘယ်တုန်းကပြန်ရောက်လာတာလဲ"
"အခုလေးတင်ပဲ မြေးလေးရဲ့အဒေါ်ကစာပို့တယ်လေ အဖွားမြေးအကြီးဆုံးလေး အိမ်ထောင်ပြုတော့မယ်လို့ အဲ့တာကြောင့်အမီပြန်လာရတာပေါ့"
ESTÁS LEYENDO
ခင်ခင်ပျိုရေ မမုန်းလိုက်နဲ့