မင်းမောင်သည် အမှတ်တရတွေအများကြီးရှိခဲ့တဲ့ဒီအိမ်ကြီးကနေ ထွက်ခွာလာခဲ့တာ အတော်ကြာပြီဖြစ်ပြီး အခုပြန်ရောက်တော့လည်း အိမ်ကြီးထဲမဝင်ပဲခြံရှေ့တွင်သာရပ်လို့အိမ်ကြီးကိုအချိန်ကြာငေးကြည့်နေခဲ့မိသည်။
အိမ်ကြီးထဲဝင်လိုက်တာနဲ့အထီးကျန်မှုကဆီးကြိုသည်။
အရင်ကပျော်စရာကောင်းခဲ့တဲ့အချိန်တွေကိုတော့
တွေးမိပါသေးသည်။ စိတ်ကူးနဲ့လက်တွေ့ အတိတ်နဲ့ပစ္စုပ္ပန် အခြေအနေနှစ်ခုက မိုးနဲ့မြေလိုကွာခြားတာမို့
စိတ်ခံစားချက်ကသိပ်ပြီးမကောင်းချေ။လေဝင်လေထွက်ကောင်းအောင်ပြတင်းပေါက်တွေကိုဖွင့်ပြီး စိတ်အပြောင်းအလဲဖြစ်အောင်ကျတော့ ချစ်ရတဲ့ခင်ခင်ပျိုလေးအကြောင်းတွေးမိလိုက်ပါသည်။ အလိုလိုနေရင်းပြုံးလိုက်မိကာ ကိုယ်တိုင်တောင်သတိမထားမိပါပဲ စန္ဒရားရှေ့ရောက်ပြီး လက်ချောင်းများက သံစဉ်များကိုထွက်ပေါ်လာစေရန်စွမ်းဆောင်လေသည်။
"အဟမ်း တစ်ယောက်ယောက်တော့ အချစ်နဲ့ထိတွေ့နေပြီ"
တံခါးဝကနေရောက်လာတဲ့အသံကြောင့်အနောက်သို့လှည့်ကြည့်မိရာ မင်းမောင်အားပြုံးပြနေသည့် မင်းမောင်၏ ယောက်ဖလောင်း ဟန်သာကိုမြင်တော့
မင်းမောင်မှာတအံ့တဩ။"ဟာ အကိုကြီး ဘယ်တုန်းကပြန်ရောက်တာလဲဗျ ပြီးတော့ ဘယ်ကနေဘယ်လို ဒီကိုရောက်လာတာလဲ"
မင်းမောင်အနားသို့ဟန်သာရောက်လာသည်။
shirt အင်္ကျီအမည်းလက်ရှည်ကိုအညိုရောင်ဘောင်းဘီရှည်နဲ့တွဲကာဝတ်ဆင်ထားသည့်ဟန်သာသည် အရင်လိုပဲ
အမြဲကိုခန့်ညားနေမြဲ။ ရက်အနည်းငယ်ခန့်ဂရုမစိုက်ခဲ့မိသည့်နှုတ်ခမ်းပေါ်ကနှုတ်ခမ်းမွှေးခပ်ရေးရေးလေးတွေက ဟန်သာကို ကြည့်ရမဆိုးစေသည့်အပြင် ပိုပြီးကြည့်ကောင်းနေစေသည်ကိုလက်ခံရမည်။"ဒီနေ့ပဲရောက်တယ် ပြီးတော့ ဒီကိုပဲတမင်လာတယ်"
ဟန်သာ့စကားကို မင်းမောင်ကတော့အထူးအဆန်းဖြစ်
မနေတော့ချေ။"မမနွယ်က ဒီမှာမရှိဘူး"
မင်းမောင်၏စကားကလည်း ဟန်သာအတွက်အထူးတလည်မဟုတ်တော့ချေ။
YOU ARE READING
ခင်ခင်ပျိုရေ မမုန်းလိုက်နဲ့