တစ်နေ့သောမနက်ခင်းဝယ် မမဝေကိုယ်ဝန်ရှိစဉ်က
မောင်ခင် မမဝေအတွက်မာလကာသီးခူးပေးဖူးသည့် ပတ်ဝန်းကျင်တွင်ဖြစ်သည်။ဘုန်းကြီးကျောင်းတွင်ပညာသင်ကြားရန်အတွက်
အိမ်မှအမေဖြစ်သူက
ပါးပြင်ပေါ်တွင်ပါးကွက်ဝိုင်းဝိုင်းလေးလိမ်းခြယ်ပေးကာ
မတိုမရှည်ဆံပင်ကိုလည်းအုန်းပင်သဖွယ်ချည်ပေးလိုက်ရင်း ကျောင်းသို့လွှတ်လိုက်ပေမယ့်
သိတတ်လိမ္မာလှသောကလေးဖြစ်သည့်အလျောက်
မိဘများပြန်သွားသည်နှင့်တပြိုင်နက်
ဘဘုန်းကြီးအလစ်ကိုချောင်းကာ
မာလကာပင်ပေါ်တက်လို့ မာလကာသီးတစ်ချို့ကို
ခူးယူကာ လွယ်အိတ်ထဲမှမှတ်စုစာအုပ်ကိုထုတ်ယူရင်းထိုစာအုပ်အားမြေပြင်ပေါ်သို့ "ဘုတ်" ခနဲမြည်အောင်
ပစ်ချလိုက်ရင်း ခူးထားသောမာလကာသီးတစ်ချို့ကို
ဘာမျှမရှိတော့သောလွယ်အိတ်အလွှတ်ထဲသို့
ထည့်လိုက်သည်။ထို့နောက် အပင်ပေါ်မှဆင်းရန်ကြံရွယ်ပြီးခါမှ
အတွေးထဲနာကျင်စွာဝင်လာသော ဘဘုန်းကြီးရဲ့
ကြိမ်လုံးပုံရိပ်များကြောင့် ထိုကလေးငယ်မှာ
အငြိုးကြီးစွာဖြင့် အပင်ပေါ်မှအသီးများကို
သူ့အလိုလိုကြွေကျရန် အပင်ကိုတတ်စွမ်းသမျှ
လှုပ်ခါရမ်းပေတော့သည်။ရင်မှဒေါသမီးများပြေငြိမ်းသွားခါမှထိုကလေးငယ်သည် ဟိုးးးအဝေးတစ်နေရာမှသူရှိရာသို့
ဦးတည်ပြေးလာသောရွယ်တူကောင်လေးတစ်ယောက်ကိုကြည့်ရင်းအပင်ပေါ်မှဆင်းကာသူ့ကပ်ရပ်တည်ရှိသော အုတ်တံတိုင်းပေါ်သို့ဆင်းကာထိုင်နေရင်း
ထိုကောင်လေးအလာကိုစောင့်နေသည်။"ဖြေးဖြေး မောင်ခင် ဖြေးဖြေး"
အမောတကောနဲ့ပြေးလာသောကောင်လေးသည်
အုတ်တံတိုင်းပေါ်မှဆင်းမည့်ကလေးကိုအစိုးရိမ်တကြီးနဲ့ဆိုလိုက်သည့်စကားကတစ်ဖက်ကစိုးရိမ်စိတ်နဲ့ဆိုပေမယ့်တစ်ဖက်တွင်တော့မာနထိခိုက်သွားပုံရသည်။မျက်မှောင်ကြုတ်ရင်းအလိုမကျစွာဖြင့်
"ဖိုးလုံး မင်းငါ့ကိုအထင်သေးတာလား ငါဒီအပေါ်ကနေတောင် တန်းပြီးခုန်ဆင်းလို့ရတယ် သိလား"
YOU ARE READING
ခင်ခင်ပျိုရေ မမုန်းလိုက်နဲ့