မိုးကောင်းလှသည့်နေ့တစ်နေ့ဖြစ်သည့်အခါ ခင်ခင်ပျိုသည် မနက်ကယာထဲဆင်းဖို့ထွက်လာပြီးခါမှအလုပ်မဖြစ်တော့ ထီးကိုဆောင်းလို့အိမ်ပြန်ဖို့ပြင်ရတော့သည်။
"မိုးတွေသိပ်သည်းတာပဲကွာ ထီးမပါတဲ့သူဆိုရင်တော့အတော်ချောင်ပိတ်နေမှာပဲ ခိခိ"
သူတစ်ပါးဒုက္ခရောက်တဲ့အကြောင်းတွေးရင်းပျော်ရွှင်နေတဲ့ဖိုးလုံးကိုကြည့်ရင်း ခင်ခင်ပျိုသည်ခေါင်းကိုခါရမ်းသည်။
"အယုတ်တမာ မင်းခေါင်းထဲ အမြဲဒီလိုယုတ်မာတဲ့အတွေးတွေချည်း"
"မင်းနဲ့တူတာကိုကွ ခိခိ"
"အတော့်ကိုမြူးထူးနေတဲ့ကောင် နွားချီးတက်နင်းမိပါစေ"
"မင်းပါးစပ်ပုတ်နဲ့ကွာ ငါ နှင်းနုကိုသွားပိုးမို့ကို နွားချီးနဲ့နံစော်နေရင် ပိုးစိုးပက်စက်ငြင်းလွှတ်ခံရလိမ့်မယ်"
ဒီလောက်မိုးတွေသည်းနေတာတောင်မှ တစ်ရက်လေးမပျက်အစ်မနှင်းနုကိုသွားပိုးမယ်ပြင်နေသည့်အချစ်ရူးဖိုးလုံးကိုကြည့်ရင်း ခင်ခင်ပျိုမှာအတော့်ကိုအမြင်ကတ်လှသည်။
မမနွယ်၏အိမ်ရှေ့သို့ဖြတ်လျှောက်သည်။ ဖြတ်ခနဲကြည့်လိုက်ပေမယ့် မမနွယ်၏အိမ်နှင့်ခြံမှာသော့ခတ်ထားသည်ကိုတွေ့သည့်အခါ ခင်ခင်ပျိုသည် အိမ်ထဲမဝင်တော့ပဲ တစ်နေရာသို့သာတွေဝေခြင်းမရှိဦးတည်သည်။
"မေမေ"
"သမီး ခင်ခင်ပျို မိုးတွေသည်းနေတာ အိမ်ထဲဝင်လေ"
ခင်ခင်ပျိုကတော့မည်သည့်စကားမျှမဆိုပဲမိုးရေထဲမှာ
ထီးတစ်ချောင်းဖြင့်သာ အိမ်ထဲမှလှမ်းခေါ်နေသည့်မေမေကိုငေးကြည့်နေမြဲဖြစ်သည်။ ထို့နောက် မေမေ့အနားသို့ မမနွယ်၏အမေပါရောက်လာသည့်အခါ ခင်ခင်ပျိုသည် အကြည့်လွဲပြီး နေရာမှထွက်ခွာရန်ပြင်သည်။"နွယ်ကဘုန်းကြီးကျောင်းကိုဆွမ်းချိုင့်သွားပို့တယ်
ထီးလည်းမပါသွားဘူးကွယ် မိုးခိုနေတာကြောင့်ကြာနေတာဖြစ်မယ်"ခင်ခင်ပျို၏ခြေလှမ်းများသည်ရပ်တန့်ကာ မေမေ့အား
အလိုမကျစွာကြည့်လိုက်သည်။
YOU ARE READING
ခင်ခင်ပျိုရေ မမုန်းလိုက်နဲ့