အပိုင်း - ၁၂

3.1K 268 4
                                    

ထိုညတွင် ကြီးကြီးနှင့်ဖွားဖွား ထို့နောက် ငြိမ်းတို့မှာတော့ ခင်ခင်ပျိုကိုရှာပုံတော်ဖွင့်ရန်ခေါင်းချင်းဆိုင်လို့
တိုင်ပင်နေကြသော်လည်းခင်ခင်ပျိုမှာတော့ ထန်းရည်မှတဆင့် အဆင့်မြင့်ကာ နိုင်ငံခြားအရက်ကိုမြည်းရန်
ဘားသို့ရောက်ရှိနေပြီဖြစ်သည်။ ထိုနေရာမှာထိုင်ရန်အတွက်အတော့်ကိုတော့သရုပ်ဆောင်လိုက်ရသေးသည်။

ခင်ခင်ပျိုပုံက ဘယ်သူကြည့်ကြည့်ယောက်ျားလေးလို့မြင်နိုင်ပေမယ့် နှုတ်ခမ်းမွှေးမဆွဲခဲ့မိသည့် ခင်ခင်ပျိုရဲ့ ပေါ့ဆမှုကြောင့် ယောက်ျားကြီးဟုမထင်ကြပဲ
ကောင်လေးဟုသာထင်ကြပေသည်။

ဆိုင်ရှင်မှာ အသက်အတော်ငယ်ပုံရသည့် ခင်ခင်ပျိုအားကြည့်ပြီး ဆိုင်ထဲသို့ ပေးဝင်ချင်သလိုလို
မပေးဝင်ချင်သလိုလို အင်တင်တင်လုပ်နေသည့်အခါ အကိုကြီးတစ်ယောက်က ခင်ခင်ပျိုအားပခုံးလာဖက်လို့ သူ့အသိညီလေးဟုဆိုကာ ဆိုင်ထဲသို့ခေါ်ဝင်ခဲ့ရင်း အခုလို တစ်ခုံတည်းထိုင်ကာအချင်းချင်းမိတ်ဖွဲ့နေကြသည်မှာ အတန်ကြာ

ခင်ခင်ပျိုမှာမသောက်ဖြစ်သေးတဲ့ဝီစကီခွက်ကိုကိုင်ရင်းဟိုဟိုဒီဒီငေးစဥ် သူ့မြင်ကွင်းထဲရောက်လာနေတဲ့ စီးကရက်ကိုဟန်ပါပါနှင့်ရှိုက်လို့ ဘေးမှမည်သူ့ကိုမှ
ဂရုမစိုက်ပဲတည်ရှိနေသည့်မိန်းကလေးသည်
ခင်ခင်ပျို၏အာရုံအား အတော့်ကို ညို့ယူလိုက်နိုင်သည်။

"လှရက်လိုက်တာဗျာ မိန်းမပျိုတစ်ယောက် စီးကရက်သောက်တာ ဒီလောက်ကြီးကြည့်ကောင်းမှန်း ကျုပ်အခုမှမြင်ဖူးတယ်"

ခင်ခင်ပျိုသည်ထိုသို့ဆိုတော့ ခဏလေးတင်
မိတ်ဆွေဖြစ်သွားသည့် ခင်ခင်ပျိုထက် ဆယ်နှစ်မက
ကြီးသည့် ကိုဟိန်းမင်းဆိုသူသည်အလန့်တကြားဖြင့်သောက်လက်စဝီစကီကိုအမြန်မြိုချလို့ ခင်ခင်ပျိုအား
တအံ့တသြ ကြည့်ကာ

"ငါ့ညီ မင်းအခုမှဒီကိုရောက်ဖူးလို့ ဒီစကားပြောတာ
ဒီကအမျိုးသားတွေမှန်သမျှက ရေချယ်ကိုလွယ်လွယ်နဲ့
မချည်းကပ်ရဲကြဘူး"

"ဘာဖြစ်လို့လဲဗျ"

ကိုဟိန်းမင်းသည် ခပ်ဆွေးဆွေးဖြင့် ရေချယ်ဆိုသူအားလှမ်းကြည့်ရင်း

ခင်ခင်ပျိုရေ မမုန်းလိုက်နဲ့Où les histoires vivent. Découvrez maintenant