အပိုင်း - ၃၉

2.9K 273 2
                                    

ဒီရက်ပိုင်းအချိုးတွေပြောင်းနေတဲ့ခင်ခင်ပျိုလေးကြောင့်
စိတ်မချဖြစ်နေတဲ့မိဘနှစ်ပါးသည် ခင်ခင်ပျိုလေးရှိရာ
အိမ်ကလေးသို့ တိတ်တဆိတ်ရောက်လာကာ
အပြောင်းအလဲများကိုလိုက်ရှာလေသော် တကယ့်ကိုအပြောင်းအလဲကြီးတစ်ခုနှင့်ကြုံကြိုက်လေသည်။

"ကြည့်စမ်း ! မမဝေ အဲ့တာ မောင့်သမီးမွေးထားတဲ့
ကြောင်ပေါက်လေးလား"

အံကိုကြိတ်လို့ဒေါသတကြီးနဲ့ဆိုလိုက်တဲ့မောင်ခင်ကြောင့် အနားက မမဝေမှာလန့်လေသည်။ မောင်ခင်သည် သူသိပ်ချစ်ရသည့်သမီးဖြစ်သူအားဒဏ်ရာတွေပေးခဲ့သည့်သူများဖြစ်သည့် နွယ်တို့အသိုင်းအဝိုင်းကို သေခန်းဖြတ်ထားသည့်အနေအထားတွင်ရှိသည်။

"နွယ်"

ခင်ခင်ပျိုလေးအိမ်၌မရှိတုန်းအဝတ်အစားများကို
လျှော်ဖွတ်ပေးပြီး အချက်အပြုတ်၊အိမ်သန့်ရှင်းရေးများကိုလည်း‌ မောသည်မရှိ ပန်းသည်မရှိ အပြုံးမပျက်လုပ်ဆောင်နေသည့်အိမ်ရှင်မလောင်းလျာလေး မမနွယ်သည် နောက်ကျောမှခေါ်သံကြောင့် လက်ထဲမှလှန်းမည့်အဝတ်သည်မြေပြင်ပေါ်သို့ပြုတ်ကျသည်။

"ဒေါ်လေး"

နွယ်သည်ဒီကိုရောက်လာတာတစ်ပတ်ပြည့်တော့မည်ဖြစ်သော်လည်း အခုထိ ဒေါ်လေးဝေနှင့်ကိုကိုမောင်ခင်တို့ကိုအသိမပေးရသေးသလို တွေ့လည်းမတွေ့ရသေးချေ။

ဤသည်မှာ နွယ်ရဲ့သတ္တိနည်းမှုတွေကြောင့်လည်းဖြစ်မည်။
မေမေ့လုပ်ရပ်တွေကြောင့် သာယာအေးချမ်းတဲ့မိသားစုလေးက ပူပင်သောကရောက်ခဲ့တာမို့ နွယ် မျက်နှာချင်းမဆိုင်ဝံ့ခဲ့ပဲရှိနေခဲ့သည်။
ခင်ခင်ပျိုလေးကိုအဆုံးရှုံးမခံနိုင်လွန်းလို့သာ ဒီကိုရောက်လာခဲ့ပေမယ့် နွယ်သည်တစ်ယောက်တည်းမို့ ဤဒေသတွင်တစ်ခုခုဆို အတော့်ကိုကူကယ်ရာမဲ့ပါသည်။

"ဘာလာလုပ်သလဲ ငါ့သမီးကိုမသေသေးလို့
ပြန်လာသတ်‌လေသလား နွယ်"

"မောင် စိတ်ကိုလျှော့ပါ"

မောင်ခင်၏ဒေါသသည်ထိန်းမရနိုင်သည့်အခါ
တောက်တစ်ချက်ကိုခေါက်ပြီး နွယ့်ကိုအကြည့်လွဲသည်။

ခင်ခင်ပျိုရေ မမုန်းလိုက်နဲ့Wo Geschichten leben. Entdecke jetzt