"မမဝေ မမဝေ ဘယ်နားထိခိုက်သွားသလဲ ကျွန်တော် ကျွန်တော် တောင်းပန်ပါတယ်မမဝေ"
ဝဏ္ဏတစ်ယောက်မျက်ရည်များစွာဖြင့် မမဝေရှိရာသို့အပြေးလာကာ မမဝေအနာတရရှိမရှိစစ်ဆေးပြီး မမဝေကိုမထိရက်မကိုင်ရက်ဖြင့်ကြည့်ရင်း တောင်းပန်စကားကိုအထပ်ထပ်အခါခါဆိုသည်။
"မမဝေ မမဝေ မောင်စိတ်ပူလိုက်ရတာဗျာ မမဝေသာ
တစ်ခုခုဖြစ်လို့ကတော့ မောင်အသက်မရှင်နိုင်တော့ဘူး"မောင်ခင်သည်လည်း မမဝေအနားအပြေးလာကာ အနားကဝဏ္ဏကိုဘေးသို့တွန်းဖယ်ရင်း မမဝေကိုတင်းကြပ်စွာဖက်ကာ ငိုကြွေးလေသည်။
မောင်ခင်သည် ယခုအချိန်ထိပင် မမဝေနှင့်ပက်သက်လျှင် ကလေးတစ်ယောက်လိုရှိကာထိလွယ်ရှလွယ်မြဲ။
ဤသို့ ယောင်္ကျားနှစ်ယောက်ရဲ့စိုးရိမ်ခြင်းကိုခံနေရတဲ့
မမဝေကိုကြည့်ရင်း အဖမ်းခံထားရတဲ့ဓားပြတစ်စုသည် ခေါင်းချင်းဆိုင်လို့ တီးတိုးစကားဆိုသည်။"သူကြီးမိန်းမက ယောင်္ကျားဘယ်နှစ်ယောက်ရှိတယ်လို့
ကြားဖူးသလဲ"ထိုဓားပြများသည် မမဝေ၏ခင်ပွန်းသူကြီးဆိုသူနှင့်
တောကြီးထဲတွင်တွေ့ဖူးခဲ့ပြီးမဟုတ်ပါလား။"ခင်များတို့အသက်မပျောက်ချင်ရင် ပါးစပ်ကိုပိတ်ထား"
ရဲသားယောင်ဆောင်ထားသည့် မောင်သောင်းက ထိုသို့ဟန့်ကာ တားလိုက်သောအခါမှ ဓားပြများသည် မမဝေတို့ထံမှအာရုံလွဲလေတော့သည်။
"သူကြီးကတော် မြို့အုပ်မင်းရော ဘယ်မလဲ"
ရွာသားများရဲ့စကားကြောင့် မမဝေသည် အနီးတစ်ဝိုက်လှည့်ပတ်ကြည့်ရင်း မင်းမောင်ကိုမတွေ့တော့ စိတ်ကုန်စွာဖြင့်သက်ပြင်းကိုချကာ
"ဟိုအမူးသမားကိုထမ်းပြီးနောက်မှာကျန်ခဲ့ပြီထင်တယ်
ဖိုးလုံးရွာသားတွေနဲ့အတူသွားခေါ်ခဲ့ချေ""ဟုတ်ကဲ့ဗျ"
မောင်ခင်ကတော့ မမဝေ၏စကားကိုနားမလည်သော်လည်း မမဝေဘေးကင်းသည်ကိုသာကျေနပ်လို့နေတော့သည်။
မောင်ခင်တို့အိမ်ရောက်ပြီးမကြာမီအချိန်အနည်းငယ်မှာပင် မင်းမောင်တစ်ယောက် ကောင်လေးတစ်ယောက်ကိုထမ်းကာ အိမ်ဝန်းထဲရောက်လာသည်။ မောင်ခင်ကတော့ မင်းမောင်ဘာအကြောင်းကြောင့်များရောက်လာရသလဲမသိပေမယ့် မမဝေကတော့ မင်းမောင်၏ကျောပေါ်မှ ထိုကောင်လေးကိုကြည့်ရင်း စိတ်မကြည်လှသည့်ပုံ။
CZYTASZ
ခင်ခင်ပျိုရေ မမုန်းလိုက်နဲ့