"ကျုပ်နေကောင်းနေပြီ အဘရယ် ကြည့်ပါအုံး ကျုပ်အကောင်းအတိုင်းပဲ"
တကိုယ်လုံးကိုပတ်ချာလှည်ပြပြီးကျန်းမာကြောင်းပြသနေတဲ့ခင်ခင်ပျိုလေးကို ကွပ်ပျစ်မှာထိုင်နေသည့်မောင်ခင်သည် အလိုမကျစွာကြည့်သည်။
"ဒီအိမ်မှာနေရင်ကောင်းတယ်ဆိုတာငါမြင်သားပဲ"
မမနွယ်နှင့်အဆင်ပြေတာမှမကြာသေးပဲ ခင်ခင်ပျိုသည် ဖခမည်းတော်ကြောင့် မမနွယ်အား တွေ့ချင်တိုင်းတွေ့လို့မရပါပဲ အိမ်ထဲမှအိမ်ပြင်ပင် မထွက်ရပဲနေရလေသည်။ ဒါတောင်မနေ့က မမနွယ်ကိုခိုးပြီးသွားတွေ့တာမသိလို့ သိများသိရင် ပို၍ပင်ဒေါသထွက်မည်မှာမလွဲ။
ခင်ခင်ပျိုသည် ထိုင်နေတဲ့ဖေဖေ့အနားသွားကာလက်မောင်းကိုဖက်တွယ်ပြီး နောက်ဆုံးလက်နက်ဖြစ်တဲ့ချွဲနွဲ့ခြင်းကိုထုတ်သုံးလေတော့သည်။
"မဟုတ်ပါဘူး အဘရယ် ကျုပ်ဘယ်မှာနေနေကောင်းပါတယ် ကျုပ်ကိုစိတ်မပူပါနဲ့တော့အဘရယ် ကျုပ်အရင်လို
မဟုတ်တော့ပါဘူး""ဂတိပေးတယ်လေနော် ... နော်လို့"
မောင်ခင်မှာတော့ ခင်ခင်ပျို၏မျက်နှာကလေးလန်းနေသည်ကိုပဲဖြေသိမ့်ကာ အိမ်ပြင်ထွက်ခွင့်ပေးလေသည်။
ခင်ခင်ပျိုတစ်ယောက်ဖိုးလုံးနှင့်အိမ်ကထွက်သွားပြီးမကြာမီမှာပင် နွယ်ရောက်လာသည်။ အိမ်ရှေ့မှာအတန်ကြာရပ်ပြီးတွေဝေနေပါသော်လည်း ကြောက်သည့်စိတ်ထက် လွမ်းသည့်စိတ်ကအနိုင်ရသွားတာကြောင့် အသက်ကိုဝဝရှူရင်း အိမ်ထဲသို့ဝင်သည်။
ခြံထဲမှာတင်ကြောင်ကာရပ်နေပြီး ဘာကြောင့်ရောက်လာသလဲလို့ကိုကိုမောင်ခင်မေးလျှင်ဖြေရမည့်အဖြေကိုမစဉ်းစားခဲ့ရသည်ကိုသတိရကာအကြောင်းပြချက်ကိုအလျင်အမြန်ရှာဖွေရလေသည်။ သို့ပေမယ့်မတွေ့ ဒေါ်လေးဝေတို့ မေမေ၊ဖေဖေတို့နဲ့လာတွေ့တယ်လို့ပြောချင်ပေမယ့်လည်း ဘယ်သူမှမရှိသည့်အခါ နွယ်မှာအကြံအိုက်ကာ အတောင့်လိုက်ရပ်ကာနေသည်။
"မြေးနွယ် မြေးလေးရဲ့ကလေးလေးကအိမ်မှာမရှိဘူးကွဲ့"
ဖွားဖွားကဝရန်တာမှထွက်လာကာနွယ့်ကိုကြည့်ပြီးပြောလာတဲ့စကားကြောင့် မောင်ခင်သည်အိမ်ပြင်သို့ထွက်လာကာခါးထောက်ပြီး တစ်ဖက်အိမ်က အမေဖြစ်သူကိုအလိုမကျစွာဖြင့်လှမ်းကာပြောသည်။
VOUS LISEZ
ခင်ခင်ပျိုရေ မမုန်းလိုက်နဲ့