မမရေချယ်သည် မာကြောသည်၊ အနည်းငယ်ခက်ထန်သည်၊ မထင်ရင်မထင်သလို ဝီစကီချပြီး စီးကရက်တိုကိုလက်ကြားညှပ်လို့ ခပ်တွေတွေလေးတွေးဆနေတတ်ကာ ဆေးလိပ်ငွေ့တွေမှုတ်ထုတ်လို့ ရီဝေဝေလေးငေးကြည့်တတ်သူ။
ထိုသို့သောသူသည် မည်သူ့ကိုမျှဂရုမစိုက်ပေမယ့်
ခင်ခင်ပျိုလေးရှေ့မှာတော့ ဝီစကီခွက်ကိုမမြင်စေချင်သလို စီးကရက်မီးကိုလည်းငြိမ်း၍ ရှက်သွေးဖြာကာ ဆံပင်လေးသပ်နေတတ်သည်။ခင်ခင်ပျိုလေးကလည်း သိသော်ငြားလည်း
မသိချင်ယောင်ဆောင်သလား ရေချယ်ရှေ့တွင်
မမနွယ်အကြောင်းသာ အမြဲတစေဆိုသည်။ရေချယ်ချဉ်းကပ်ပုံမှာ ရင်နာစရာကောင်းလှသည်
ချစ်ရသူကို သူ့ကြင်သူအကြောင်းပြောပြပေး၍
အနားတွင်ရှိဖို့ကြိုးစားရသတဲ့။အနောက်တိုင်းအကသင်ပေးရန်အတွက် ခင်ခင်ပျိုလေး၏ ခါးကို ဘုန်းနေရောင်တစ်ယောက်ထိမည်ကြံရွယ်ကတည်းက ရေချယ့်၏စိတ်အစုံမှာအလိုမကျဖြစ်ရသည်။
ကကွက်များရဲ့အခြေခံအဆင့်ပင်မသင်ပေးလိုက်ရချိန်မှာပဲ ရေချယ်သည် ဘုန်းနေရောင်၏နေရာတွင်အစားထိုးဝင်လို့ ခင်ခင်ပျိုလေး၏မျက်ဝန်းတွေကိုငေးရင်း ခင်ခင်ပျိုလေး၏ လက်ကလေးကိုဆွဲယူကာ ရေချယ့်ခါးကိုထိတွေ့စေပြီး သီချင်းတစ်ပုဒ်လုံးပြီးသည်အထိ ရေချယ်သည်
ထိုကလေးအနားနီးကပ်စွာပျော်ရွှင်စွာရှိနေသည်။အဲ့ဒီနေ့က ရေချယ်ရဲ့ရယ်သံသာသာလေးတွေကို
ကြားယောင်ရင်း ဘုန်းနေရောင်၏ ရင်အစုံမှာအတော့်ကို
ထိန်းမရအောင်ကခုန်ခဲ့သည်။ရေချယ်က အန္တာရယ်ရှိတဲ့အမျိုးသမီးပဲ
ရေချယ်က ကြောက်ဖို့ကောင်းတဲ့အမျိုးသမီး
ရေချယ်က ပြိုလဲတတ်တဲ့အမျိုးသမီးပါငယ်စဉ်ကတည်းကရေချယ့်အနားမှာ အရိပ်တစ်ခုလိုမျိုးကျွန်တော်အမြဲရှိနေခဲ့တယ်
ရေချယ်က ပြုံးတယ် ရယ်တယ် ဒါပေမယ့် ဒါတွေက
ဟန်တွေရေချယ်ရဲ့စိတ်ရင်းအမှန်တွေကို ခင်ခင်ပျိုဆီမှာပဲထုတ်ဖော်ပြတယ်
ရေချယ်ရဲ့ရှက်ပြုံးလေးဖြစ်ဖြစ်
ရေချယ်ရဲ့မခို့တရို့ဟန်ပန်လေးဖြစ်ဖြစ်
ရေချယ်ရဲ့ရယ်သံလွင်လွင်လေးဖြစ်ဖြစ်
YOU ARE READING
ခင်ခင်ပျိုရေ မမုန်းလိုက်နဲ့