"မမနွယ်ကို ကျုပ်မခေါ်ပါဘူး"
နွယ်နှင့်ခင်ခင်ပျိုလေးနှစ်ဦးတည်းသာရှိသည့် အိမ်ကြီးထဲတွင် ခင်ခင်ပျိုတစ်ယောက်သည် ဧည့်ခန်းထဲကထိုင်ခုံမှာစာထိုင်ဖတ်နေတဲ့နွယ့်မျက်နှာချင်းဆိုင်မှာထိုင်ကာ ဤသို့ဆန္ဒပြလေသည်။
"မမနွယ်ကို ကျုပ်စိတ်ဆိုးနေပါတယ်"
စိတ်ဆိုးကြောင်းကို တကူးတကမပြောရင် မသိမှာစိုး၍ ယခုလို မမနွယ်ရှေ့ ကိုယ်တိုင်ကိုယ်ကျစိတ်ဆိုးနေကြောင်း သံတော်ဦးတင်လေသည်။
"အိုကွယ် ... ဘာပြုလို့"
"မမနွယ် ဘာအမှားများလုပ်မိလို့လဲ"
ခင်ခင်ပျိုသည် ဤသို့အူကြောင်ကြောင်ရုပ်နဲ့မေးခွန်းပြန်ထုတ်နေသည့် မမနွယ်အား စိတ်ဆိုးလွန်းလို့ ဖက်နမ်းပစ်ချင်စိတ်က တဖွားဖွား။
"ကျုပ်အချစ်ကိုမမနွယ်မှလက်မခံတာ"
နွယ်မှာတော့ လက်မြှောက်ရပါတယ်။ တစ်ပတ်လောက်မသိချင်ယောင်ဆောင်ရင် အရင်အတိုင်းပြန်ဖြစ်သွားမယ်ထင်ခဲ့တာ ဒီခင်ခင်ပျိုလေးက အမှတ်သည်းခြေကြီးလှသည်။
"ကဲ တကယ်ဘဲ မမနွယ်ကိုစကားမပြောတော့ဘူးလား"
စကားပြောဖို့နေနေသာ နွယ့်ကိုပင် နွယ့်မျက်စိရှေ့မှာပဲ ကျောခိုင်းထိုင်ပစ်လေသည်။ နွယ်ကတော့ ထိုကလေးငယ်ရှေ့သွားကာ ကိုယ်ကိုကိုင်းရင်း ကလေးငယ်၏ပါးလေးကိုလက်နှစ်ဖက်ဖြင့်ကိုင်ကာခေါင်းမော့စေလို့အကြည့်ချင်းဆုံသည်။
"မမနွယ်ဖြင့် မင်းနဲ့ခွဲပြီးမနေနိုင်ပါ"
"ဒါဖြင့် ဘာကြောင့် ကျုပ်အချစ်ကိုလက်မခံရတာလဲ"
စူထားသည့်အနီရောင်နှုတ်ခမ်းဖူးလေးက ဆေးမကူပါပဲ
ပြည့်စုံနေသည်။ နွယ်သည်ဤနှုတ်ခမ်းဖူးလေးအားအကြိမ်ကြိမ်ပြစ်မှားဖူးပါသည်။"အော် ခင်ခင်ပျိုရယ် လူတွေအမြင်မှာ"
"ဘယ်သူ့ကို ဂရုစိုက်ရမလဲ မမနွယ် ကျုပ်ဘယ်သူ့ကိုမှ
အရေးမလုပ်နိုင်ဘူး"နွယ်ဖျောင်းဖျဖို့ကြံပါသော်လည်း ဒီကလေးသည်
ဘဝအကြောင်းအတော့်ကိုသင်ယူဖို့လိုသေးသည့်အတွက်
နွယ့်စကားကိုနားထဲဝင်နိုင်မည်မဟုတ်ချေ။
أنت تقرأ
ခင်ခင်ပျိုရေ မမုန်းလိုက်နဲ့